Old Love-20

3.4K 171 6
                                    

အရွယ်လွန်အချစ် 💓
Old Love -20

“ဖုန်းကြည့် ပြီဘာတွေများ စိတ်တို နေလဲ .. ခင်ခင် ..”

သူအလုပ်ကိစ္စဖုန်းပြောပြီသည်နှင့် အခန်းအတွင်း ၀င်၀င်ချင်း

စိတ်တိုနေဟန်ရှိသော ခင်ခင်ကို သတိထားကြည့်မိပြီ မေးလိုက်ချင်ဖြစ်သည်..

ခင်ခင်က သူ့မျက်နှာကို မော့ကြည့်ရင် ကုတင်ခေါင်ရင်း မှီလျက်သားအနေထားကနေ ကိုယ်ကို ခပ်လျော့လျော့လေးလျှောလိုက်ပြီ

“‌စိတ်တိုတယ်လို့လည်း မဟုတ်ပါဘူး ကိုမျိုးရယ် ..

အမြင်မတော် စိတ်ပျက်စရာလေးတွေ တွေ့ရမြင်ရတော့စိတ်ထဲ ဘ၀င်မကျ ဖြစ်မိတာပါ ..”

“ဘာတွေများ မြင်ရလို့လဲ..”

မေးရင်သူက သူမ ဘေးနား ၀င်ထိုင် သူမကိုယ်ကလေးကိုသိမ်းဖက်လိုက်သည်..

သူမကလည်း အလိုက်သင့် သူ့ရင်ဘက်ပေါ် သူမခေါင်းကလေးမှီလိုက်ရင်

“ဪ .. ဒီလိုပါပဲ .. ခေတ်ကာလ ရေစီးကြောင်းပေါ် လိုက်ပြီ

လူတွေက အကျင့်စာရိတ္တကို မက်မက်မောမောမရှိ တော့တာမြင်ရလို့ပါ ..”

သူ့ဇနီး အမြင်ကို ကိုမျိုးကျော်သူက ပြုံးလျက် ခေါင်းညိတ် ပြီထောက်ခံသည်..

ထောက်ခံရင် ခင်ခင့်လက်ဖျားကလေးကို သူယုယစွာ ဆုပ်ကိုင်လိုက်၏..

ဆုပ်ကိုင်လျက်ပင် ခင်ခင့် မျက်နှာ‌ကလေးကို ညို့ငင်သော မျက်လုံး များနှင့်
မျက်တောင် မခတ်စတမ်း ငေးကြည့်ပြီ စကားဆိုသည်..

“ ခင်ခင်က ခင်ခင်မြင်တဲ့.. ခင်ခင်တိုင်းတဲ့ အကျင့်စာရိတ္တ ပေတံ နဲ့ တိုင်းတာကို ဗျ.. ဘယ်ဘ၀င်ကျမလဲ ..”

“ကိုမျိုးကလည်း  ကျွန်မက တစ်ဖက်သားကို ကိုယ်လိုမြင် ကိုယ်လိုတွေးရမယ်လို့ ဇွတ်ပြောနေတာ မဟုတ်ပါဘူး ..

လူရယ်လို့ ဖြစ်လာပြီ  လူစိတ်ကလေး သွင်း သူများမျက်ရည်ကြီးငယ်ကျမှ စားရမယ့် ထမင်းလုတ် မျိုးကို ရှောင်စေချင်လို့ပါ ..”

ခင်ခင်က သက်ပြင်းအရှည်ကြီးချ  သူမ ဘာသာ စကားဆက်ပြောပြန်သည်..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now