Old Love-19

3.3K 165 6
                                    

အရွယ်လွန်အချစ် 💓
Old Love -19

မမျှော်လင်ထားတဲ့ ဧည့်သည်ကြောင့် ဒန်းကလေးပေါ်ထိုင်

ချစ်ကြည်နူး တစ်တစ်တူးနေသည့် အစီအစဉ် ပျက်ရ၍ ကိုမျိုး တစ်ယောက် မျက်နှာက တိမ်ညိုတွေ ဖုံးသွားသယောင် ..

“ခင်ခင် အလုပ်က အဖိတ် ဥပုသ်တောင် မအားလပ်ဘူးပဲ ..”

ခင်ခင်က လေသံတိုးတိုးလေးဖြင့် 
“ဪ ..ကိုမျိုးရယ် ဒီလိုပဲပေါ့ .. ပင်ပန်းတာမှမဟုတ်ဘဲ ..”

“ယောကျာ်း နဲ့ အတူ ရှိရတဲ့ အချိန်တွေတော့ ဖဲ့နေရတယ်မို့လား..”

သူက မျက်နှာခပ်တည်တည်ကနေ နောက်တော့ သူမက သူ့ပုခုံးကလေးလှမ်းပုတ်ပြီ
“အို ..ကိုမျိုးကလည်း ‌ကလေးကလား ပေါက်တတ်ကရတွေ ..”

“‌ဘယ်နဲ့ ပေါက်တတ်ကရ ဖြစ်မလဲ .. ရင်တွင်း ခံစားချက်ပါ ခင်ရဲ့
နားလည် ပေးပါ ..”

ပြောပြောဆို သူကကျီစယ်ရယ်မော ကျန်ရစ်ခဲ့ပြီ ခင်ခင်ကတော့ ပုံမှန် မျက်နှာထားရ‌ အောင်ဖမ်းပြီ  ဧည့်သည်တွေကို ဧည့်၀တ်ပြုလိုက်သည်..

“လာလေ မထား ..”

ခင်ခင်က ဧည့်၀တ်ပြုသည် နှင့် မထားက ပြုံးလျက် ဆိုင်ကယ်မောင်းလာသူကို ဆိုင်ကယ် toolbox ဖွင့် ခိုင်းပြီ
အနက် ရောင်ကျွပ်ကျွပ်အိတ်ထုပ် ထုတ်ယူသည်..

ထုတ်ယူပြီ သည်နှင့် ခင်ခင် နှင့်အတူ မထား ၊မထား အဖော်ကပါ အိမ်ထဲလိုက်၀င် သွားသည်..

ကိုမျိုးကတော့ ဒန်းပေါ်မှာထိုင်လျက်နေခဲ့သည်..

ခင်ခင် နှင့်သက်ဆိုင်သည့် ခင်ခင် စီးပွားရေးမှန်းသိလို့  ကိုမျိုးက ဘာတစ်ခုမျှ ၀င်ရောက်မစွက်ဖက်သလို ကောင်းသည် ဆိုးသည်လည်း
မဝေဖန် ..

ခင်ခင် နှင့် ဆက်ဆံသည့် လူများကိုလည်း သူက ခင်ခင် ခင်ပွန်း တစ်ယောက်အနေဖြင့် သိသည့်အကြောင်း အသိမှတ်ပြု နူတ်ဆက်
သည်..

ထိုထက်မ‌ပို ..

မထားက ကျွပ်ကျွပ်အိတ်အမဲ ရောင်အထုက်ကလေး ချ လိုက်ပြီ အထုပ်ထဲက ပိုက်ဆံများကို အပုံ ခွဲလိုက်သည်..

ခွဲလိုက်ရင်
“အပျိုကြီးရေ .. ဒါက အရင်လက လက်ကျန် .. အတိုးရော အရင်းရော
ဖြတ်လိုက်ပြီ နော် ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now