Old Love-15

3.6K 167 6
                                    

အရွယ်လွန် အချစ် 💓
Old Love -15

‌ ငြင်းခုံ လာပြီ နှစ်ယောက်သား တိတ်ဆိတ် လျက်  အိမ်ထဲ၀င်လာသည်..
မခင်မျိုး ဒီတစ်ကြိမ်တော့ တော်တော် စိတ်တို လာသည်မို့ အိမ်ထဲမှာ သူတို့ကို စိတ်၀င်တစား ကြည့်နေသော လူများကိုပင် မနူတ်ဆက် .
သူမ အခန်းထဲ တန်း၀င်သွားသည်..
‌မျိုး‌ ကျော်သူကလည်း သူမနည်းတူ ဈေးခြင်းတောင်းကို ချ ပေးခဲ့ပြီးသည်နှင့် တစ်ဖက်အိမ်ပြန်သွား၏..
သူတို့ အကြံ အောင်ပြီ အထင် နှင့် စောင့်ကြည့်နေသည့် တူ၀ကြီး သုံးယောက်ကတော့ မျက်လုံးလေးတွေ ကလည်ကလည် နဲ့
“ အယ် … ဘာဖြစ် လာကြတာလဲ ..
မတည့် သေးဘူးလား ..
ပိုဆိုးသွားပြီလား …”
စိတ်ထဲမှာ မေးခွန်းထုတ်ရင် အဖြေရှာနေကြသည်..
သူတို့ အဖြေရှာနေသည့် မေးခွန်း၏ အဖြေကို နောက် သုံးလေး ရက်အကြာမှာ ထင်ထင်ရှားရှား တွေ့လိုက်ရသည်..

တစ်ဖက်အိမ်က မျိုးကျော်သူက ဒီဖက်အိမ်ကို အလာကျဲ သွားသလို မခင်မျိုးကလည်း အခန်းထဲကနေ သိပ်အပြင်မထွက် တော့ …

မဝါတစ်ယောက် နည်းနည်းတော့ မျက်ခုံးလူပ်လာသည်..

ဒါ့ကြောင့် နေ့လယ်ခင်း ဆိုင်ကအပြန် မမကို တိုးတိုးကပ်မေးသည်..

“ခင်မျိုးလေး  အပြင်မထွက်ဘူးလား မမ..”
“‌ အေး..မထွက်ဆို သိပ်နေမကောင်းဘူးလို့လည်း ပြောရှာတယ်..”

“ဒါဆို ဆေးခန်းသွားပြ ပေးရမှာပေါ့ မမ ရဲ့ ..”

“မပြချင်သေးဘူးတဲ့ .. အခြေနေ ဆိုးရင် မန္တလေး ပြန်ကုမယ်လို့ပြောနေတယ်..”

“ဟမ်း .. အဲ့ဒီလိုလည်း မဖြစ် သေးပါဘူးမမရယ် ..

ဒေါက်တာကို အိမ်ပင့်ပြီ တော့ဖြစ်ဖြစ် ပြပေးကြည့်ရအောင်..

နေမကောင်း ဖြစ်နေတာ သိရက်နဲ့ မျက်ကွယ်မပြုချင်ပါဘူး ..”

“အေး .. ကောင်းသားပဲ .. အိမ်ခေါ်လာပေးရင်တော့ အားနာပါးနာသူမလည်း အကုခံ မှာပါ နော့အေ ..  ဒါနဲ့ မျိုးမျိုး ပြောပြလိုက်ရအုံးမှာလား..”

“တကူးတက တော့ သွားမပြောပါနဲ့ မမရယ် .. ကြုံတော့ မှသာ ပြောပြလိုက်ပါ.. မဟုတ်ရင် သူပါပါလာမှ ပိုဆိုးကုန်မယ် ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now