Old Love -6

3.5K 147 2
                                    

အရွယ်လွန်အချစ် 💓

Old Love -6

ကိုယ့်ကိုကိုယ် အန်မိလို့ ကျွန်မက ရှက်နေရတဲ့ကြားက သူကပျာပျာသလဲတွေ စိတ်ပူတော့ မျက်နှာတွေလည်းပူမိသလို
ခေါင်းတွေလည်း ပိုမူးသည်…

သည်လိုနှင့်မြန်မြန် ရောက်ပါစေသာ ဘုရားပါတ မဆီမဆိုင် ဆုတောင်းရင်
ခရီးပေါက်သွား၏..

သူ့အိမ်ရှေ့ ရောက်သည်နှင့် မှောင်မည်းနေသော ဇူလိုင်မိုးများက တဖွဲဖွဲ ရွာ
ချလာပြန်သည်..

ကျွန်မက အလျင်အမြန် ဖျတ်ခနဲ ကားပေါ်ကဆင်းဖို့ပြင်တော့ သူက ကျွန်မ လက်ကို ဟန့်ပြီ သူ့ကားပေါ်မှာ ဆောင်နေကျ ထီးတစ်လက် အမြန်ထုတ်ပြီတံခါးဖွင့် လာမိုး ပေးသည်…

သူ့အိမ်တံခါးဖွင့်သူ့အိမ်ထဲ ၀င် ရောက်ပြီမှ ကျွန်မက ကျွန်မအ၀တ်ထုပ်ယူဖို့ သတိရမိ၏..

ဒါ့ကြောင့် သူ့ဆီက ထီးလှမ်းယူပြီ ကျွန်မက ကျွန်မအ၀တ်ထုပ် သွားယူအုံးမယ်ဆိုတော့ သူသွားယူပေးပါ့မယ်တဲ့ ..

သူသွားယူပေးနေချိန် ရှေ့ဆက် မသွားဘဲ တံခါး၀မှာတင် ကျွန်မ မက်တပ်ရပ်နေရင် ဟိုဟိုဒီဒီငေးမိသည်..

ငေးမိရင် စိမ်းသက်နေတဲ့ အိမ်ထဲက ပစ္စည်းများကြည့်မိတော့ခေါင်းမူးတာတွေ ပျောက် ..
ကျွန်မ ကျောတွေချမ်းလာသလိုပင်..

မျက်နှာချင်းဆိုင်က အိမ်ကနေသာ သူ့အိမ်ကို လှမ်းမြင်ဖူးသည်..

အခုလို တံခါး၀မှာ ရပ်ပြီ ကြည့်လည်းမကြည့်ဖူးသလိုကျွန်မနေရမယ့်အိမ်လို့လည်း တစ်ခါမျှ စိတ်မကူးမိခဲ့ ..

ငေးနေ တွေးနေတဲ့ ကျွန်မကို သူက ပုခုံးလာကိုင်ပြီ

“ခင်ခင် .. အိမ်ထဲ ၀င်လေ …” ဆိုခါမှ ယောင်ယောင်နန သူပြောသလို အိမ်ထဲ၀င်မိသည် …

သူနေတဲ့ အိမ်ကလည်း မျက်နှာချင်းဆိုင်အိမ်က မဝါတို့လို နှစ်ထပ် တိုက်အိမ် ပါပဲ …

ကွာသွားတာက မဝါတို့က အပြင်လှေကားထားပြီ ဧည့်ခန်းကို အပေါ်ထပ်ထားသည်..

သူကတော့  အောက်ထပ် ၀င်၀င်ချင်းမှာဧည့်ခန်း ထားသည်..

ကျွန်မ မျက်စိတွေက ဂနာမငြိမ်  လက်ကတော့ သူ့ဆွဲကိုင်ထားသည်အတိုင်း‌ ခြေလှမ်းများကတော့ လှေကားထစ်များ ပေါ်မှာလှမ်းနေ၏..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now