Old Love-21

3.3K 167 8
                                    

အရွယ်လွန်အချစ်💓
Old Love-21

အိမ်အပေါ်ဆုံးထပ်  ထပ်ခိုးမျက်နှာကျတ်ထဲ  အသိုက်ဆောက်နေသော
စာကလေးငှက် တစ်သိုက် တကျွီကျွီ အော်ရင် အစာ‌ရှာထွက်သွားသည်..

ရပ်ကွက်ထိပ်က လက်ဖက်ရည် ဆိုင်ထိ  လမ်းလျှောက်ရင် သူ့ဇနီးအကြိုက်

ဖန်ချို လက်ဖက်ရည် တစ်ခွက်ပါဆယ်
သွား ဆွဲဖို့ ဖေဖေခင် ခြေလှမ်းတွေ ပြင်နေသည်..

ပဲပြုတ်သည်ဆီက ၀ယ်ထားသော စားတော်ပဲ လေးကို ကြက်သွန်နီ
ခပ်ပါးပါးလှီးထည့် ဆီလေး တစ်ပျောက် နှစ်ပျောက်ဆမ်း..

သူမ ခင်ပွန်း လမ်းလျှောက်ပြီ  ပြန်လာရင် အတူစားဖို့  မေ‌မေကြည်စိန်
ပြင်‌ နေသည်..

အိပ်ရာခင်းတွေ တွန့်ကြေနေသော  အိပ်ရာပေါ်က လူနှစ်ယောက် အဖို့ကတော့ လက်မောင်းချင်းထပ် မျက်နှာချင်းအပ် အိပ်စက်နေသည်မို့တရိပ်ရိပ် တက်လာသော နေရောင်ကိုမမြင်နိုင် ..

တကျွီကျွီ တညံညံ စကားပြောသံ နှင့်အတူ သွားလာလူပ်ရှားနေသော
မော်တော်ယာဉ် သံများကိုပါ မကြားနိုင် သေး ..
.
.
နာရီ လက်တံ နဲ့ အချိန်တွေက တရွေ့‌ရွေ့ ရောင်နီကနေ ရွှေဝါရောင်သမ်း
သော နေမင်းကြီးကို မော့ပြီတော့တောင် မကြည့်နိုင် တော့..

အောက်ထပ်က မိဘ နှစ်ပါးကတော့ သူ့တို့အစီစဉ်ဖြင့် နံနက်စာ အဆာပြေ စားပြီ ဘေးကပ်လျက်က ဆိုင်ကို ဖွင့် သည်..

ဖွင့်ရင် မျက်နှာချင်းဆိုင် ၀ပ်ရှော့ဖက်ကနေ အလုပ်လုပ်ဖို့ ရောက်လာသည့်
သူမဆိုင်၀န်ထမ်း ကောင်လေးများကို ဒေါ်ကြည်စိန် နူတ်ကနေ အလုပ်စီမံပေးနေသည်..

“မောင်ကျော် .. မောင်လှ .. မောင်ထွန်း ငါ့တူတို့ရေ ပစ္စည်းကလေးတွေကို
နည်းနည်းပါးပါး အပြင်ဘက်ထုတ် ခင်းကျင်းရအောင် ဟေ့..”

ဦးခင်ကတော့ နံနက်ခင်း  သတင်းစာ ဖတ်ရင် ရေဒီယိုပါ ဖွင့်ထားသည်..

ရေဒီယို ဖွင့်ထားရင် စီးပွားရေး ဈေးကွက်သတင်း နဲ့ သီးနှံ ဈေးကွက်သတင်း ကို အထူးအလေးပေး နားထောင် နေသည်..

သီးနှံ ဈေးကွက် အဆင်ပြေမှ တောင်သူတွေ အဆင်ပြေမည်..

တောင်သူတွေ အဆင်ပြေမှ သူ့ဆိုင်က စက်ပစ္စည်းကို လာရောက် အားပေးနိုင်မည် ..
ရေဒီယို နားထောင်ရင် သူ့လက်က နာရီကို ဦးခင် တစ်ချက်ကြည့်လိုက်သည်..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now