Old Love -3

3.8K 170 12
                                    

အရွယ်လွန် အချစ်💓

Old Love  ep-3

ကျွန်မထင်တဲ့ အတိုင်းပါပဲ  အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆင်းလိုက်သည်နှင့် မြင်လိုက်ရသည့် အဖေ့မျက်နှာက မကောင်း

အမေ့မျက်နှာကတော့ မှန်းရ ခက်ပါ့ ..

ကျွန်မနဲ့အတူ ပါလာတဲ့သူများကို ဖော်ရွေသလိုလို ဟန်ရှိသည် ..

ဟုတ်ပါသည်လေ အမေက မကြိုက်သော်လည်း အောင့်ကာနမ်း ဆက်ဆံပါလိမ့်မည် ..

ကျွန်မနှင့် ပါလာသူများက အခြားသူများမှ မဟုတ်ပဲ ..
အမေ၏ ချစ်လှစွာသော ချွေးမလေး၏ အမေ အဒေါ် ဦးလေး အစ်ကို၀မ်းကွဲ များလေ ..

အမေက ဧည့်သည်တွေကို နေရာချလျက် ကျွန်မခရီးထွက်ရင် အိမ်မှာ ခေါ်ခိုင်းနေကျ တိုးတိုးကို မုန့်ပန်းကန်ပြားတွေ ယူလာဖို့  စီမံနေသည် ..

ကျွန်မမှာသာ ကိုယ့်အိမ် ပြန်ရောက်ရောက်ချင်း အရင်လို ကိုယ့်အခန်းထဲကိုယ်၀င် ခြေပစ်လက်ပစ်  ကျော၀င်လှဲရမည့်အစားအနားကပ်နေသည့် ကိုဟိုဝှာကြောင့် နေရခက်လှ၏ ..

ကျွန်မ အခန်းဆီ သွားဖို့ ပြင်လိုက်သည်နှင့် သူကလည်း နောက်ကနေလိုက်ဖို့ အသင့်အနေထားမက်တပ်ရပ် လိုက်သည်မှာ ထိုင်နေသည့် ဧည့်သည်တွေကြား ကြည့်စရာ ဖြစ်နေသည် ..

အင်မတန်မှ  ရှက်စရာကောင်းလှသည် ဟု ကျွန်မ တွေးမိသည်မို့ မျက်နှာတွေ ပူလှသည် ..

ဒါ့ကြောင့် ကျွန်မ  အိန္ဒြေရရ ဧည့်ခန်းမှာပဲ ဆက်ထိုင်နေလိုက်၏..

ထိုင်ပြီ မကြာခင်မှာပဲ  ဒေါ်ဝါက ရယ်သွေးပြီ စကားစလိုက်သည်..

“အို အမှန် ပြောရင် မျက်နှာတွေ ပူတယ်  မကြည်နဲ့ ကိုခင်ရေ  …

ပူပင်မယ့် ကျွန်မကလည်း အစ်မကြီးအမိရာ မို့လား …ဒါ့ကြောင့် အခြားသူတွေလည်းမဟုတ် ကိုယ့်လူကိုယ့်ဟာတွေမို့ ဖြစ်ချင်တာကို ပွင့်ပွင့် လင်းလင်း ပြောကြပါလို့ ..”

ဒေါ်ဝါ ပြောလိုက်ခါမှ ဦးခင် တစ်ယောက် ဧည့်စားပွဲနားကနေ ထအပြင်ထွက်သွားလေရဲ့ …

ဒေါ်ကြည်စိန်ကတော့  ‌သူမ‌ ယောင်္ကျားအမူအရာကြည့် ခမည်းခမက် မဝါ‌တို့ကို အားနာပြီ

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now