Old Love-25

3K 155 13
                                    

အရွယ်လွန်အချစ်💓
Old Love-25

ဟင်းအိုးနား ရောက်သွားသည်နှင့် အိုးတွင်အနည်းငယ်ကပ်နေသော ကြက်သွန်နီ နှင့် ပန်းမုန်လာအစိမ်း ရောင်တွေက အညိုရောင်သမ်းပြီအနံ့တထောင်းထောင်း ထနေသည်။

ခင်ခင်က သွက်လက်စွာ အိုးကမီးခလုတ် ရော ပလပ်ပေါက် ကြိုးကိုပါတန်းဖြုတ်သည်။

ဟင်းအိုး အဖုံးသေချာပြန်ဖွင့်ကြည့်တော့  အလုံးစုံ တူးသည့်မဟုတ်၊စား၍ရနိုင်သေးသည်။

ဒါ့ကြောင့် ခင်ခင်က သူမအနောက်မှာ ရပ်ကြည့်နေသော ကိုမျိုးကို

“ကိုမျိုး ပန်းကန် ယူခဲ့ ..”
“ဘာလုပ်မလို့လဲ ..”

“ဟင်းခပ် မလို့ပေါ့ ..”
“စားလို့ ရပါတော့မလား ..”

“ရတဲ့ဟာ ပဲ ရွေးခပ်မှာပေါ့ ..
ဒီမှာကြည့်လေ .. အပေါ်ယံ အိုးမကပ်တာလေးတွေက စားလို့ရသားပဲဟာ..

ဟင်းခပ်ပြီရင် အိုးကို ရေစိမ်ထားမှ မဟုတ်ရင်  အိုးတိုက်ရ ခက်နေမှာ ..”

အိုးတူးဟင်းကို ကျွမ်းကျင်စွာ  ကိုင်တွယ်နေသော သူ့ဇနီးကို ကြည့်ပြီကိုမျိုးက မေးလိုက်သည်။

“ခင်ခင် ခဏခဏ ဟင်းအိုးတူး ဖူးတယ် ထင်တယ်နော်..

အတူးထဲက နေ စားလို့ ရအောင် ကြံတတ်တယ် .. ဟဲဟဲ ..”

သူ့စကားကြားသည်နှင့် ခင်ခင်က သူ့လက်မောင်းကို လှမ်းရိုက်ပြီ

“ကိုမျိုးနော် .. ချီကျူးတာလား ကဲ့ရဲ့တာလား ..”

“ဟာ ချီကျူးတာပေါ့ မိန်းမရဲ့ ..ကိုယ့်မိန်းမကို ကဲ့ရဲ့ပါ့မလား ..”

သူပြောတော့ ခင်ခင်က မျက်စောင်းလှလှလေးထိုးလိုက်သည်။

သူကလည်း သူမ မျက်စောင်းလှလှကလေးကို ကျေနပ်စွာ ခံယူသည်။

သည်လိုနှင့် နှစ်ကိုယ်တူ ယှဉ် နွှဲပျော် လာကြသည်မှာ ရာသီတွေပါ ကူးပြောင်းလာသည်။

ဒီနေ့ဆို ကိုကြည်နှင့် သဲသဲ တို့၏ သမီး တိမ်လွှာကြည်ပြာ လေး ရက်(၁၀၀)ပြည့်မွေးနေ့ကို ပင်ရောက်လာသည်။

နှစ်ဖက် ဘိုးဘိုး ဘွားဘွားတို့နှင့်ဆွေမျိုးတွေ၏  အချစ်မေတ္တာတွေရထားသော ကြည်ပြာကလေးသည် မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကလေးတွေက ရှည်ပြီ ကော့နေသည်။

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now