Extra

3.2K 184 8
                                    

🎼ရည်းစားဆိုလည်း မရှိဘူး

🎼မိန်းမဆိုလည်း မရှိဘူး
ရုပ်ချော လှတဲ့ လူပျိုပါ 🎼 ရုပ်ချောလှတဲ့ လူပျိုပါ

🎼ဒီလိုဆို အစ်ကိုကြီး ကုလားမကိုယူမလား
ကုလားမကို ယူမလား

🎼အံ့မယ်လေး အစ်ကိုကြီး ကုလားမကိုယူရင်တော့ မိတ်ကပ်ဖိုးနဲ့ မွဲလိမ့်မယ် ၊
မိတ်ကပ်ဖိုးနဲ့ မွဲလိမ့်မယ်

🎼ဒီလိုဆို အစ်ကိုကြီး တရုတ်မကို ယူမလား
တရုတ်မကို ယူမလား

🎼အံ့မယ်လေး အစ်ကိုကြီး တရုတ်မကိုယူရင်တော့ အ၀တ်စားဖိုး နဲ့ မွဲလိမ့်မယ်၊
အ၀တ်စား ဖိုး နဲ့ မွဲလိမ့်မယ်။

🎼 ဒီလိုဆို အစ်ကိုကြီး အပျိုကြီး ကို ယူမလား ၊ အပျိုကြီးကို ယူမလား

🎼အောင်မယ်လေး အစ်ကိုကြီး အပျိုကြီး ကိုယူရင်တော့ လူပျိုဘ၀ တော့ ပျက်ပါပြီ

လူပျိုဘ၀တော့ ပျက်ပါပြီ ဟား ..ဟား

"ဖေဖေ စာသားက အဲ့လို မဟုတ်ဘူးနော်.."

"သိပါတယ်ကွာ မင်းတို့ကလည်း ငါဆိုချင်သလို လျှောက်ဆိုတာပေါ့ ..

ဟား.. ဟား..ဟား .."

ရှေးရှေးတုန်းက DVD ခွေဟောင်းတွေ ပြန်ရှာပြီ ကိုမျိုး တစ်ယောက် သားနှစ်ယောက်နှင့်အတူ အိမ်အပေါ်ထပ်မှာ သောင်းကျန်းနေသည်။

သောင်းကျန်းနေသည်မှာ ရိုးရိုးမဟုတ်။

ရပ်ကွက်ထဲမှာ ခုနှစ်အိမ်ကြား ရှစ်အောင်ကြား လော်စပီကာနီးပါး ကျယ်သောSound box ကြီးနဲ့ ချိတ်ဖွင့်ပြီ ချဲနေသည်။

ဒီကြားထဲ ကိုမိုးက မိုက်ခ် ကိုင်ပြီ
"ဟဲလို ... ဟဲလို တက်စီ ၀မ်း တူး .."

ရပ်ကွက်ထဲက အလှူခံ လူကြီးစတိုင် ဖမ်းနေသည်။

ဖြတ်သွားရင် အသံကြားသူတိုင်းက မော့မော့ကြည့်သွားသည်။

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင် အမျိုးအိမ်ဆွမ်းကပ်ပွဲကနေ ပြန်လာသော ခင်ခင်

သူမ တို့အိမ်ကို လမ်းလျှောက်ရင် မော့မော့ကြည့်သွားတာကို  ကားပေါ်ကနေ မဆင်းမီ သတိထားမိသည်။

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now