Old Love -30

3.4K 162 8
                                    

အရွယ်လွန်အချစ်💓
Old Love-30

မေတ္တာတရား နဲ့ မေတ္တာတံခါး မှာ အသွား အပြန် ရှိဖို့ သစ္စာဆိုတဲ့ ခလုတ်ကလေး ကတော့ မရှိမဖြစ်။

အဲ့ဒီ ခလုတ်ကလေး မပျက်စီး အောင်ထိန်းရင် လောကဓံကို ကြံကြံခံကံတရားရဲ့ မျက်နှာသာ ပေးမူ့ကို ခံယူပါအုံးမည်။

ကိုမျိုး  အပျော်လွန်း တဲ့ အတွေးများကို နယ်ချဲ့  စကားလုံးများစွာရင်ထဲ စီကြည့်သည်။

စီကြည့်ရင် အစီအစဉ်မကျတဲ့ စကားစုများ သူ့ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာပေါ် ရေးတင်သည်။

နေ့ခင်းက ရလာသည့်  အာထာရာဆောင်း ဓါတ်ပုံလေးပါ တွဲတင်လျက် ။

ခဏအတွင်း မြင်လိုက်ရသည့် မန့်တစ်ခုကြောင့် ကိုမျိုး ကျေနပ်စွာခွက်ထိုးခွက် လှန် ရယ်မိသည်။

ရယ်ရင် သူ့မိန်းမကို လည်းပြသည်။

“ခင်ခင် .. ဒီမှာ ကြည့် ..”

ခင်ခင် သေချာကြည့်တော့  ကိုတူးက ပထမဦးဆုံး

“ဟာကွာ .. မျိုးကြီး ရာ စွမ်းလှချည်းလာဗျာ ..”

မန့်သည်။

မန့်ပြီ နောက်ထပ် တစ်ခုမှကျ ကြည် ကို မန်းရှင်း ခေါ်ပြီ

“ဟျောင့်@kyi ကြည် မင်းထက် စွမ်းတဲ့ ယောက်ဖကို အားကျ စမ်း 😆..”

“အို .. ကိုတူးကြီး ကတော့နော် .. ကြည် ကို သွားစပြန်ပြီ ..”

“အစခံရပြီ အားကျ စမ်းပါစေ ကွာ ..
ဒါမှ ကိုယ်တို့ အမျိုး ပိုတောင့်မှာ ..”

“သွားပါ .. ကိုမျိုး တို့ ယောင်္ကျားတွေက ကိုယ်တိုင် မမွေးရတိုင်း  အမျိုးတောင့်ချင်နေတာ ..”

“ကိုယ်တိုင် မမွေးရပင်မယ့်  ကိုယ်တိုင် မျိုးစေ့ တော့ချ ပေးထားတာပါကွာ..
မိန်းမရဲ့..”

“ဟွင်း .. ဒါမျိုးတော့ သိပ်တတ် .. ကိုယ့်ဘက် ကိုယ်ယက်တဲ့ လိပ်လိုပြောတတ်ပါ့ ..”

ခင်ခင် စကားပြောရင်  ခင်ခင်ဗိုက်ထဲက လူပ်ခတ်သွားသည်မို့

“အယ် … ကိုမျိုး ကန်တယ် .. ကန်တယ်တော့ .. စမ်းကြည့် ..
စမ်းကြည့် ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now