Chapter-1

491 24 6
                                    

"ထစမ်း ထစမ်း"
"ခဏလေးအိပ်ပါရစေဦးအမေရယ် စာမေးပွဲပြီးခါစကို"
ကောင်လေးကအိပ်ချင်မူးတူးနဲ့ပြန်ပြောပြီးမှပုံမှန်မဟုတ်တာတစ်ခုသတိထားမိတယ်။

"နေပါဦးအမေ့အသံမှမဟုတ်တာယောကျ်ားသံကြီး။မဟုတ်မှလွဲရောအမေစပရိုက်စ်ဆိုပြီးနောက်အိမ်ထောင်ပြုလိုက်တာများလား"

အတွေးများနေတုန်းမှာပဲ ရေခဲရေတွေနဲ့ဗွမ်းခနဲအပက်ခံလိုက်ရတာကြောင့်လန့်ဖြန့်သွားရရှာတယ်။
အလန့်မပြေသေးခင်မှာပဲအားကြီးနဲ့ရင်ဘတ်ကိုဆောင့်ကန်ခံလိုက်ရတာကလီစာတွေပြောင်းပြန်လှန်သွားသလိုတောင်နာကျင်စေတယ်။

"ခင်ဗျားတို့က...ဘယ်သူတွေလဲ?ဘာ..ဘာတွေဖြစ်ကုန်တာလဲ?ကျွန်တော့်အမေရော!သူ့ကိုဘာလုပ်လိုက်ကြပြီလဲ?ကျွန်တော်တို့ အဟွတ် ကျွန်တော်တို့ကြားမှာဘာကိစ္စမှမရှိဘူးထင်တယ်။ဘာလို့ခုလိုတွေလုပ်နေရတာလဲ!!!"နာကျင်နေတဲ့ကြားကရုတ်တရက်ဖြစ်သွားတဲ့အခြေအနေတွေကိုသိဖို့ကြိုးစားနေရတယ်။

"ဒီကောင်ခေါင်းရိုက်ခံရတာများလို့အတိတ်မေ့သွားပြီထင်တယ်ဟျောင့်တွေ ဟားဟားဟား။မင်းအမေနဲ့အဖေကမင်းကိုပစ်ထားသွားတာကြာလှနေပြီ သူငယ်ပြန်နေတာလား။"
Suit အနက်ဝတ်ထားတဲ့ထဲကခေါင်းဆောင်ဖြစ်ပုံရတဲ့ခပ်ထွားထွားတစ်ယောက်ကရယ်ရင်းနဲ့ပြောနေတယ်။

"ကျွန်တော့်အမေနဲ့မနေ့ညကမှထမင်းအတူစားပြီးအိပ်ရာဝင်တာ။ဘယ်လိုလုပ်ထားသွားတာဖြစ်နိုင်မှာလဲ။အဖေကလည်းဆုံးတာကြာလှနေပြီ။ခင်ဗျားတို့လူမှားနေပြီထင်တယ်"

"ဟျောင့်တွေဒီကောင်တကယ်ရူးနေပြီထင်တယ်။ဒီမှာမင်းကိုငါတို့ခေါ်ထားတာ ၂ပတ်ရှိပြီလေ။ရူးရင်လည်းထမင်းလွတ်ဟင်းလွတ်ရူး။နာမည်ရောမှတ်မိသေးလား ပတ်ဝန်ဘင်းရှီး"
ခုဖြစ်နေတဲ့အခြေအနေတွေကိုသူတကယ်နားမလည်နိုင်တော့ဘူး။နာမည်ကတော့တကယ်သူ့နာမည်ပဲ။မနေ့ညကအိပ်ရာဝင်ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်သွားလဲသူမသိတော့ပေ။နေရာကိုသေချာလေ့လာကြည့်လိုက်တော့အလင်းရောင်တောင်သိပ်မရတဲ့မြေအောက်ခန်းလိုနေရာပဲ။

"ခင်ဗျားတို့ကလူဆိုးတွေလား"
ဝန်ဘင်းမေးလိုက်တဲ့အချိန်မှာပဲ ပြန်ဖြေလာတဲ့သြရှရှအသံတစ်ခုကိုကြားလိုက်ရတယ်။

"အဲ့လိုကြီးပြောရလောက်အောင်ဆိုးနေတာလားဒီကောင်တွေက"

"ဥက္ကဋ္ဌ ကြီးရောက်လာပါပြီလား"
ခုနကဟိတ်ဟန်အပြည့်နဲ့လူတွေကခုကျတော့ရိုရိုသေသေနဲ့လမ်းဖယ်ပေးနေကြတယ်။အဲ့ဒီလူကသူ့နားကိုရောက်တော့ငုံ့ကြည့်ပြီးပြောလာတယ်။

"ကဲထတော့။ဘာတွေဖြစ်နေတာလဲသိချင်ရင်ငါ့နောက်ကလိုက်ခဲ့"
.
.
.
.
.
ထိုသူ့နောက်ကိုလိုက်ဖို့ထရပ်လိုက်တဲ့အချိန်မှပဲ သူအရိုက်ခံထားရတာမနည်းမှန်းသိလိုက်ရတယ်။ခြေထောက်တွေကတော်တော်နဲ့မလှုပ်နိုင်သလိုခေါင်းကလည်းတဆစ်ဆစ်နာကျင်လာတယ်။

"ကြည့်ကောင်းနေတာလား ထူပေးလိုက်ကြလေ"
အဲ့အခါမှပဲ Suit အနက်နဲ့လူနှစ်ယောက်ကဘေးတစ်ဖက်ဆီကနေဆွဲထူပြီးခေါ်သွား​ပေးကြတယ်။

သူ့ကိုခေါ်သွားတာကအဲ့လူရဲ့ရုံးခန်းဖြစ်ပုံရတယ်။
"ထားခဲ့တော့။မင်းတို့သွားလို့ရပြီ"

အလင်းထဲရောက်တဲ့အချိန် ထိုသူမျက်နှာကိုသေချာမြင်လိုက်ရတဲ့အခါမှ သူနဲ့ရွယ်တူလောက်ပဲရှိသေးတဲ့ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်မှန်းသိလိုက်ရတယ်။
သူ့ရုပ်ရည်လေးနဲ့လုပ်နေတဲ့အလုပ်တွေကမလိုက်ဖက်လိုက်တာလို့တောင် ဝန်ဘင်းတွေးမိတယ်။

'ဂျောင်ဆောင်ချန်း ဒီနာမည်ကိုငါဘယ်မှာကြားဖူးတာပါလိမ့်'
စားပွဲပေါ်ကနာမည်ကဒ်ပြားကိုတစ်ချက်ပြန်ကြည့်ပြီးအဲ့သြသွားတယ်။

'နေပါဦး။KT Entertainment ဥက္ကဋ္ဌဆိုတော့ ဒါငါမနေ့ညကမှ Coin ဝယ်ပြီးဖတ်ဖို့လုပ်ထားတဲ့ဝတ္ထုထဲက Characterနဲ့ချွတ်စွပ်ဖြစ်နေတာပဲ။'
တစ်ယောက်တည်းအတွေးကမ္ဘာထဲရောက်နေတဲ့သူ့ကိုပန်ကာလေကလှုပ်နှိုးလိုက်တယ်။

"ဖွင့်ဦးမယ်နော် အရမ်းပူလို့"
ဂျောင်ဆောင်ချန်းကပြောရင်းဆိုရင်းပန်ကာကိုနံပါတ်ဆုံးထိဖွင့်လိုက်တယ်။

ဒါသက်သက်အကျင့်ပုပ်တာမှန်းဝန်ဘင်းသိတယ်။အခန်းထဲမှာ Air con ဖွင့်ထားပြီးသားမို့အစတည်းကပူမနေပါဘူး။ရေခဲရေတွေနဲ့အပက်ခံထားရတဲ့သူ့ကိုပိုအေးအောင်လုပ်တာ။

"ကဲ ဘာတွေစဉ်းစားနေတာလဲ။ရူးချင်ယောင်ဆောင်နေရင်ရပ်လိုက်တော့။ဒီနေ့နဲ့ဆိုမင်းငါ့ဆီရောက်နေတာ၂ပတ်မြောက်ပဲနော်။ဘယ်မှာလဲ ဂန်ဆိုအွန်း"

My Only SunshineWhere stories live. Discover now