Chapter-11

282 16 2
                                    

"ဟျောင်း လျှောက်မပြောပါနဲ့! ကျွန်တော်လေသူ့ကိုတစ်ညလုံးစောင့်ကြည့်နေတာ ခဏလေးပဲ တကယ်ခဏဆိုခဏလေးပဲအိပ်ပျော်သွားတာ"

"စိတ်ကိုခဏငြိမ်အောင်ထားပြီးဘာတွေဖြစ်ခဲ့တာလဲပြောပြ"

"မသိဘူး မသိတော့ဘူး!"

"ရတယ် ဖြည်းဖြည်းလေးပဲ စဉ်းစားပြီးပြောပြပေး ဖြည်းဖြည်းပဲ"

"သူ..သူမနေ့က ခေါင်းမူးနေတယ်လို့တော့ပြောတယ်။ကျွန်တော်ကသူကျွန်တော်နဲ့မလိုက်ချင်လို့လိမ်ပြောတယ်ထင်ခဲ့တာ။ညကျတော့ဖျားတယ်။ဒါပေမယ့်လေ ကျွန်တော်သူ့ကိုပစ်မထားပါဘူး သေချာလေးဂရုစိုက်ပေးခဲ့တာ သူနိုးလာမှာ"

ဆောင်ချန်းဘယ်လောက်ထိလန့်သွားမလဲဆိုတာထယ်ဟိုနားလည်တယ်။သူတောင်ဒီအခြေအနေကိုချက်ချင်းမယုံနိုင်တာ ဆောင်ချန်းကဘယ်လိုလုပ်ပြီးလက်ခံနိုင်မှာလဲ။ဆောင်ချန်းလေးဒီအတောအတွင်းပျော်နေတာမြင်တော့သူဝမ်းသာနေခဲ့တာ။ကံတရားကဘာကြောင့်များဒီ​လောက်ရက်စက်နိုင်ရတာလဲ။

"သူထွက်သွားတာမကြာလောက်သေးဘူး အသားလေးတွေကနွေးနေသေးတယ်ဆိုတော့"

"ဟျောင်း!!!ဘာလို့အဓိပ္ပါယ်မရှိတာတွေပဲဆက်တိုက်ပြောနေရတာလဲ။သူကဘယ်ကိုထွက်သွားရမှာလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ!!!ဒီတိုင်း...ဒီတိုင်း ဆေးတွေသောက်ထားလို့အအိပ်လွန်နေတာပါ။ဟျောင်း မနှိုးပေးနိုင်ရင်လည်းထွက်သွားတော့ ကျွန်တော်ပဲသူနိုးလာတဲ့အထိစောင့်ပေးလိုက်မယ်"

ထယ်ဟိုကိုယ်တိုင်လည်းဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိတော့ဘူး။ဒီတိုင်းထားခဲ့လို့ရောဖြစ်ပါ့မလား။
'ကဲပါလေ သူကိုယ်တိုင်ဒီအခြေအနေကိုလက်ခံနိုင်အောင်ကြိုးစားဖို့အချိန်ပေးထားတာပဲကောင်းပါတယ်'

"အဲ့ဒါဆို ခဏနေမှထပ်လာခဲ့မယ်။အဓိပ္ပါယ်မရှိတာတွေလျှောက်မလုပ်ပဲ စိတ်ကိုစုစည်းထားနော်"

ထယ်ဟိုထွက်သွားပြီးတဲ့အခါမှာလည်းဆောင်ချန်းကဝန်ဘင်းရဲ့လက်ကိုဆုပ်ကိုင်ထားစဲဖြစ်ပြီးမျက်နှာလေးကိုပဲစိုက်ကြည့်နေခဲ့တယ်။သူမှေးခနဲအိပ်ပျော်သွားပြီးပြန်နိုးလာတဲ့အချိန်တုန်းကလည်း ဒီလိုပဲမျက်နှာလေးကိုစိုက်ကြည့်နေခဲ့မိတယ်။လက်ရာမြောက်လွန်းတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို သေချာကြည့်နေရင်းမနေနိုင်တော့ပဲလက်ကလေးနဲ့ဖွဖွလေးလိုက်ထိတာနှုတ်ခမ်းနုနုလှလှလေးတွေဆီရောက်တဲ့အထိ။အချိန်တစ်ခုကြာသည်အထိလက်ချောင်းလေးတွေက နှုတ်ခမ်းလှလှလေးပွတ်သပ်ရင်းသတိထားမိလာတာက ငြိမ်သက်နေတဲ့လေငွေ့။သူအသက်မရှူတော့မှန်းသတိထားမိမှ ကမန်းကတန်းနှလုံးခုန်သံကိုနားထောင်ကြည့်တော့ အသံနတ္ထိ။

My Only SunshineWhere stories live. Discover now