Chapter-13

294 23 0
                                    

ရှည်လျားလှတဲ့ ညအချိန်မှာတစ်စုံတစ်ယောက်ကတော့မျက်လုံးအစုံကိုပိတ်ပြီးငြိမ်းငြိမ်းချမ်းချမ်းမအိပ်နိုင်ခဲ့ပါဘူး။ဒါနဲ့ပဲ ဝန်ဘင်း ဖြတ်ထားတာ ၆ရက်လောက်ပဲရှိသေးတဲ့အိပ်ဆေးဘူးဆီလက်လှမ်းလိုက်တယ်။တစ်ညနေလုံးဘာမှစားမထားတာကြောင့် ဆေးသောက်လို့မဖြစ်သေးပါဘူးဆိုပြီးဆေးဘူးကိုပြန်ချထားလိုက်တယ်။

"သောက်ရေးမပါတာတွေကိုခေါင်းထဲကထုတ်လိုက်တော့"
နှုတ်ခမ်းကခပ်တိုးတိုးရေရွတ်ရင်း ဆံနွယ်ရှည်တွေကိုလက်နှစ်ဖက်နဲ့ဆွဲစုတ်လိုက်တယ်။

"ဘာဖြစ်ဖြစ်လေ ဒီကိစ္စတွေတွေကငါနဲ့ဘာမှမဆိုင်တော့ဘူးပဲဟာ။ငါပြန်ရောက်နေပြီပဲ ဟုတ်တယ် ငါနဲ့မဆိုင်တော့ဘူး"

အမှန်အတိုင်းပြောရရင် တကယ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အသတ်ခံရတဲ့သူအတွက်သူဘာမှခံစားရမှာမဟုတ်ဘူး။အလွန်ဆုံးကြောက်သွားရုံနဲ့သနားရုံပဲ သူ့အဖေအရင်းလည်းဟုတ်မနေတဲ့မကောင်းတဲ့လူပဲလေ။ဒါပေမယ့် ဂျောင်ဆောင်ချန်းကဒီကိစ္စတွေအတွက်နဲ့ သူ့အပေါ်တကယ်ကြီးဟန်ဆောင်နေခဲ့ရင်ရောဆိုတဲ့အတွေးကြီးကသူ့ကိုအရမ်းပူလောင်ပြီးဝမ်းနည်းစေတယ်။

"ငါကဘာမို့လို့လဲ ?တစ်ချိန်လုံးကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေခဲ့တာအရူးလိုပဲ။အချိန်ခဏလေးပဲတွေ့ရသေးတဲ့လူတစ်ယောက်အပေါ် သူ့လိုလူကသူငယ်ချင်းတစ်ယောက်လိုဘယ်သတ်မှတ်နိုင်ပါ့မလဲ။စတွေ့တဲ့အချိန်တုန်းက ငါ့အပေါ်ဘယ်လိုလှည့်စားခဲ့တာလဲ ဆိုတာတွေကိုပါမေ့နေခဲ့တာပဲ"

​ဘာမှမဆိုင်တော့ဘူးဆိုတဲ့အတွေးကိုခေါင်းထဲရိုက်သွင်းနေပေမယ့်လည်း သူ့ဦးနှောက်နဲ့နှလုံးသားကသူ့စကားကိုနားမထောင်ဘူး။အိပ်မရပဲမကောင်းတဲ့အတွေးတွေပိုလွှမ်းမိုးလာတဲ့အဆုံးမှာတော့ အိပ်ဆေးကူရတော့တယ်။အိပ်ဆေးတွေ ၅လုံးလောက်သောက်ပစ်လိုက်မှပဲသူ့မြင်ကွင်းတစ်ခုလုံးကိုအမှောင်ထုကဖုံးလွှမ်းသွားတာ့တယ်။
.
.
.
.
.
သူနိုးလာတဲ့အချိန်မှာပတ်ဝန်းကျင်က ခါတိုင်းလိုတိတ်ဆိတ်မနေပဲအသံတွေဆူညံနေတယ်။ဘာသံတွေမှန်းတော့မသဲကွဲပဲ ဝူးဝူးဝါးဝါး အသံတွေတွေရော ခြေသံတွေရော စကားသံတွေရော အကုန်ရောထွေးနေတယ်။သူ့မျက်လုံးတွေကိုလည်းတော်တော်နဲ့ဖွင့်မရပဲ အသက်ရှူရတာလည်းထူးဆန်းနေတယ်။

My Only SunshineWhere stories live. Discover now