Chapter-2

342 23 1
                                    

'ဂန်.ဆို.အွန်း?'
အံအားသင့်မှုတွေနဲ့အတူနှုတ်ခမ်းကနေအဲ့နာမည်ကိုခပ်ဖွဖွရေရွတ်မိတယ်။

'တကယ်ပဲဘာတွေဖြစ်နေတာလဲ။ဒီနာမည်ကလည်းဟိုဝတ္ထုထဲက မင်းသမီးနာမည်ပဲမလား'
တကယ်တော့ဝန်ဘင်းကဝတ္ထုတွေဖတ်ရတာကြိုက်တဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ဒီဝတ္ထုက online မှာအရမ်း hot နေတာနဲ့သူလည်းဖတ်ဖို့လုပ်ခဲ့တာ။

သူတကယ်ကိုဖတ်ဖို့လုပ်ခဲ့ရုံပဲ။Main Character သုံးယောက်ကိုမိတ်ဆက်ထားတဲ့ Intro ကလွဲဘာမျှမဖတ်ရသေးပေ။အဲ့တာဖတ်ပြီးအိပ်ရာဝင်ခဲ့တာဖြစ်တယ်။
ဝန်ဘင်းမှာ တစ်ခါမြင်ရုံ၊နာမည်တစ်ခါကြားဖူးရုံနဲ့ လူတွေကိုအလွယ်တကူမှတ်မိနိုင်တဲ့စွမ်းရည်ရှိတယ်။
ဒါကြောင့်လည်းဒီနာမည်တွေကိုသူမှတ်မိနေတာ။

'ဂျောင်ဆောင်ချန်း က second male lead နဲ့နာမည်ရော၊intro မှာပါထားတဲ့ company နာမည်ရောတူနေတာ။
ခု ဂန်ဆိုအွန်း ဆိုပြီး female lead နဲ့နာမည်တူတဲ့တစ်ယောက်ထပ်ပေါ်လာပြန်ပြီ။ဘာတွေဖြစ်နေတာလဲ။တကယ်ပဲတိုက်ဆိုင်တာလား'

ဆောင်ချန်းကအတွေးပင်လယ်ထဲရောက်နေတဲ့ ဝန်ဘင်းကိုကြည့်ပြီးစိတ်မရှည်တော့ပေ။

"အကြာကြီးစဉ်းစားနေတာဆိုတော့မှတ်မိပြီလား။ဒါမှမဟုတ် အဲ့မိန်းမကိုဘယ်လိုထပ်ကာကွယ်ပေးမယ်ဆိုတဲ့အကြံထုတ်နေတာလား"

"ခင်ဗျားပြောနေတာတွေကိုကျွန်တော်တကယ်ဘာမှမသိဘူး"

"အိုးးးးဒီပုံအတိုင်းဆိုရင်တော့မင်းကိုဘယ်လိုလုပ်ရပါ့။ငါအရမ်းညှာမိသွားတာလား။ငါ့ကိစ္စတွေကိုဝင်စွက်ဖက်တဲ့ဘယ်သူ့ကိုမဆိုအရှင်မထားတတ်တဲ့ငါက မင်းကိုတော့စိတ်ရှည်ရှည်နဲ့စောင့်ပေးနေတာလေ။ဒီတိုင်းသာဆက်ပြီးအချိန်ဆွဲနေရင်ငါလည်း
အာမ မခံနိုင်ဘူးနော်"

"ခင်ဗျားယုံအောင်ဘယ်လိုပြောရမလဲမသိပေမယ့်ဒီကိစ္စတွေကိုကျွန်တော်တကယ်မသိတာ။ကိုယ့်ကိုယ်ကိုယ်တောင်ဒီကိုဘယ်လိုရောက်နေမှန်းမသ်ိဘူး"

ဆောင်ချန်းကလိမ်ပြောနေပုံမရတဲ့မျက်လုံးကြည်ကြည်လေးတွေကိုကြည့်ပြီးတွေဝေသွားတယ်။

"ကဲပါ ဒါဆိုလည်းအဲ့မိန်းမ မင်းဆီဆက်သွယ်လာတဲ့အချိန်ထိငါ့မျက်စိအောက်မှာနေရမယ်။"

My Only SunshineWhere stories live. Discover now