Chapter-4

288 22 0
                                    

အိမ်ကနေထွက်လာတဲ့အချိန်ကစလို့ကားပေါ်မှာရော၊ကုမ္ပဏီရောက်တဲ့အထိရောတစ်လျှောက်လုံး ဂျောင်ဆောင်ချန်းကစကားတစ်ခွန်းမှမဆိုပဲမျက်နှာထားကလည်းတည်တင်းနေခဲ့တယ်။ပုံမှန်ဆိုရင်ကုမ္ပဏီရောက်တာနဲ့ ဂျောင်ဆောင်ချန်းဟာဝန်ထမ်းတွေကိုနွေးထွေးတဲ့အပြုံးလေးနဲ့နှုတ်ဆက်လေ့ရှိတယ်။ဒီနေ့မှာတော့ထူးထူးခြားခြားမျက်နှာသေနဲ့ဖြစ်နေတဲ့ ဥက္ကဋ္ဌဂျောင်ကိုဘယ်ဝန်ထမ်းမှနှုတ်မဆက်ရဲသလိုမျက်နှာတောင်စေ့စေ့မကြည့်ရဲကြဘူး။

ရုံးခန်းထဲကိုရောက်တာနဲ့ ဂျောင်ဆောင်ချန်းဟာသူ့ရဲ့ neck tie ကိုဆွဲချွတ်လိုက်ပြီးမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ ဆိုဖာပေါ်သို့စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။သူကလည်းအစကတည်းကလူကောင်းတစ်ယောက်လုပ်ဖို့အစီအစဉ်မရှိပေမယ့် သူများအိမ်ထောင်ရေးကိုဖျက်ဆီးတဲ့လုပ်ရပ်ကိုတော့အရမ်းရွံရှာတာကြောင့်ဘယ်တော့မှကျူးလွန်မှာမဟုတ်ဘူး။

"ဆောင်ချန်းနား မင်းစိတ်တွေရှုပ်နေမှာသိပေမယ့်အစ်ကိုတစ်ခုတော့ပြောချင်တယ်။မင်းဒေါသတွေကိုမဆိုင်တဲ့သူပေါ်တော့ပုံမချစေချင်ဘူးကွာ။ပြောရရင် ဒီကောင်လေးကဒီပြဿနာတွေနဲ့ဘာမှသိပ်ပတ်သက်တာမဟုတ်ဘူး။သူငယ်ချင်းဆိုတော့သူလည်းကူညီတာပေါ့ကွာ"
ရုံးခန်းထဲကိုလိုက်လာတဲ့ခပ်ထွားထွားလူကနားချပေးနေတယ်။သူဆောင်ချန်းကိုဒီလိုပုံစံမြင်ရတာစိတ်မကောင်းသလိုလမ်းမှားကိုလည်းရောက်မသွားစေချင်ဘူး။သူ့ရဲ့ညီလေးလိုဖြစ်နေတဲ့ကောင်လေးရဲ့ဘဝကိုအပူမီးတွေမရှိပဲအေးချမ်းစေချင်လှပါပြီ။

"ဒါပေမယ့် ကျွန်တော်အကြာကြီးအချိန်ပေးပြီးစီစဉ်ထားခဲ့တာကဒီလိုနှောင့်ယှက်ခံရဖို့မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်သူကကျွန်တော်အစီအစဉ်တွေကိုဖျက်ဆီးခဲ့တဲ့သူပဲ။ဒီလောက်နဲ့တော့လက်မလျှော့နိုင်ဘူး ထယ်ဟိုဟျောင်း"

"ဟျောင်းကလက်လျှော့ဖို့ပြောတာမဟုတ်ပါဘူး။ပိုကောင်းတဲ့နည်းလမ်းကိုရှာတွေ့နိုင်မှာပါ။ပြီးတော့ဒီကလေးပုံစံကတကယ်အတိတ်မေ့နေတာပါ သူ့ကိုပြန်လွှတ်ရင်တောင်ရပြီ"

My Only SunshineWhere stories live. Discover now