Chapter-16

272 26 1
                                    

ဝန်ဘင်းဒီတစ်ခါတော့ သူအကြာကြီးထိန်းထားခဲ့ရတဲ့မျက်ရည်တွေကိုအတိုးနဲ့သွန်ချလိုက်ပါတော့တယ်။ပျော်လွန်းလို့ ပင်လယ်ထဲတောင်ခုန်ချပစ်ချင်စိတ်တွေပေါက်လာရတယ်။

ဂျောင်ဆောင်ချန်းလည်း မျက်နှာပေါ်က မျက်ရည်တွေကိုလက်နဲ့အလျင်မှီအောင်သုတ်ပေးနေပေမယ့် တိတ်မသွားတဲ့အပြင် ကလေးတစ်ယောက်လိုအသံကျယ်ကြီးနဲ့အော်ငိုနေတဲ့ဝန်ဘင်းကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။

"မငိုရဘူးလေ တိတ်တော့နော်"

ဝန်ဘင်းလည်းရှိုက်သံစွက်နေတဲ့အသံနဲ့ပဲ
"ဟျောင်းက တကယ်..ကယ် လူဆိုးကြီးပဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်ကလူဆိုးကြီးပါ။ဝန်ဘင်းနီးကိုလန့်အောင်လုပ်မိသွားတယ်"

"မဟုတ်ဘူး"

"ဘာလို့လဲ အဲ့ဒါဆို?အာ~ကိုယ့်ကိုမကြိုက်လို့လား။ရတယ် ရတယ် တန်းပြီးအဖြေပေးစရာမလိုပါဘူး။ကိုယ်ကစောင့်နိုင်ပါတယ် မငိုနဲ့တော့နော်"

"အဲ့လိုမဟုတ်ဘူးလို့!!!"

တသွင်သွင်စီးကျနေတဲ့မျက်ရည်လေးတွေကိုသုတ်ပေးနေရင်း
"အဲ့ဒါဆိုလည်း ဝန်ဘင်းနီးဖြစ်ချင်တာကိုပြောလေ။ဘာမှမပြောပဲ ငိုပဲငိုနေတော့ကိုယ်ကဘယ်လိုလုပ်ရတော့မှာလဲလို့"

"ကျွန်တော်..ဘယ်လောက်တောင်စောင့်ခဲ့ရလဲသိလား?"

"ဘာကိုလဲ?"

"အဲ့ဒီစကားကို"

"အာ~ဝန်ဘင်းနီးဖြစ်ချင်တာကိုပြောဖို့အတွက်ကစောင့်စရာမလိုပါဘူး။ကိုယ်ကအချိန်မရွေးခွင့်ပြုထားတာပဲဟာ"

"မဟုတ်သေးဘူးလေ~အဲ့ဟာရဲ့အရှေ့က စကားကိုပြောနေတာ"

"အဲ့ဒါရဲ့အရှေ့က ဘာ...ဧ ဧကန္တ ကိုယ်ဖွင့်ပြောတဲ့စကားကိုပြောနေတာလား?"

သူကအဲ့လိုတည့်ကြီးမေးတော့ဘယ်လိုပြန်ဖြေရပါ့မလဲ။သူလေ ဂျောင်ဆောင်ချန်း ကိုဒီလောက်ထိအတွေးလမ်းကြောင်းသွေဖယ်တတ်လိမ့်မယ်မထင်ထားဘူး။အခုက
'ဟုတ်ပါတယ်။ဟျောင်းဖွင့်ပြောတာစောင့်နေတာပါ။ကျွန်တော်လည်းဟျောင်းကိုသဘောကျနေတာအတော်ကြာပါပြီ' အဲ့လိုပြောရမယ့်ပုံပေါက်နေပြီ။သူနည်းနည်းတော့မူရဦးမယ်မလား။

My Only SunshineWhere stories live. Discover now