Chapter-7

265 18 0
                                    

ဝန်ဘင်းနောက်တစ်နေ့မနက်နိုးလာတဲ့အထိဂျောင်ဆောင်ချန်းကိုမတွေ့ရပေ။မနက်အစောကြီးကတည်းက company ကိုသွားတာလား၊ဒါမှမဟုတ်ညကတည်းကမရှိတာလားတော့မပြောတတ်ပေ။ဒီနေ့ကလည်းသူ့အတွက်ဘာအဓိပ္ပါယ်မှမရှိတဲ့ငြီးငွေ့ဖွယ်နေ့တစ်နေ့ပါပဲ။TV မရှိ၊phone မရှိ၊wifi မရှိ၊ဖတ်စရာစာအုပ်လည်းမရှိ ဘာဆိုဘာမှမရှိတဲ့ဗလာကြီးထဲမှာပဲပိတ်လှောင်ခံထားရတဲ့ဘဝကိုသူ့ကိုယ်သူတောင်သနားလာတယ်။

"ဒီပုံစံအတိုင်းသာဆိုကြာရင်ငါရူးသွားမှာသေချာတယ်။ဟိုလူကလည်းတစ်ခါပေါ်လာပြီးရင်အကြာကြီးပျောက်သွားတာ။ထယ်ဟိုဟျောင်းကလည်းမလာဘူး ပျင်းလို့သေတော့မယ်"
တစ်နေကုန်လုပ်စရာမရှိတော့အခန်းထဲမှာနား,နားပြီးအိပ်နေရရှာတယ်။အိပ်ရေးတွေလည်းအဝလွန်နေပါပြီ။မနက်စာနဲ့နေ့လည်စာကတော့အခန်းထဲကိုလာပို့ပေးကြတာဖြစ်တယ်။

နေ့လည်စာစား၊ပြန်အိပ်ပြီးတစ်ရေးနိုးလာတော့မှ ငပျင်းလေးဝန်ဘင်းလည်းရေချိုးဖို့ပြင်တော့တယ်။အရင်ကျောင်းတက်ချိန်တုန်းကဆိုဒီလိုဘဝမျိုးကိုအရမ်းတောင့်တခဲ့တာ။TV မကြည့် ph မသုံးရလည်းဖြစ်တယ် စာမလုပ်ရရင်ပြီးရောဆိုတာမျိုး။လက်တွေ့ကတော့သူထင်ထားသလိုပျော်စရာကောင်းမနေပါဘူးလေ။

လူမရှိပေမယ့် နံရံကမှန်တွေဆိုတော့ရေချိုးရမှာတောင်နည်းနည်းရှက်နေတယ်။အဖြူရောင်လိုက်ကာလေးပါနေတော့တော်သေးတယ်ပြောရမှာပေါ့။ရေချိုးခန်းထဲမှာက ရေပန်းရော bathtub ရောပါတော့ဘာနဲ့ချိုးရမလဲရွေးနေရတာကတစ်လုပ်။
"ဂျောင်ဆောင်ချန်းကဘာနဲ့ချိုးတာပါလိမ့်၊ငါ bathtub နဲ့တစ်ခါမှမချိုးဖူးတော့အဲ့ထဲချိုးလိုက်ရမလား။မဖြစ်သေးပါဘူး သူကရေပန်းနဲ့ချိုးတာဆိုရင် ငါကအဲ့ထဲဝင်စိမ်နေရင်အားနာစရာကြီး..ပေမယ့်အခုသူမှမရှိတာ"

ပျော်စရာမရှိခဲ့တဲ့အချိန်တွေကို bathtub ထဲဝင်စိမ်ပြီးအတိုးချပျော်လိုက်တော့တယ်။ဆပ်ပြာမြှုပ်တွေနဲ့ဆော့လိုက်၊​ေရငုပ်လိုက်ပြန်ထလိုက်နဲ့ မသိရင်ရေကူးကန်ကိုပထမဆုံးရောက်လာတဲ့ကလေးတစ်ယောက်လိုပဲ။တားမယ့်အမေလည်းမရှိတော့စိတ်တိုင်းကျဝင်ဆော့နေတာ လက်တွေပဲကြီးပွလိုရှုံ့တွလာတော့မှပဲရပ်တော့တယ်။

My Only SunshineWhere stories live. Discover now