Chapter-14

301 22 11
                                    

ဝန်ဘင်း အပြင်ကိုထွက်ကျလာတော့မလိုခုန်နေတဲ့နှလုံးသားကြောင့် ရင်ဘတ်ပေါ်ကိုလက်ကလေးတစ်ဖက်နဲ့ဖွဖွလေးဖိထားလိုက်တယ်။

"ဘယ်နားကနေမကောင်းလို့လဲ?အသက်ရှူရတာခက်လို့လား။ကိုယ်ဆရာဝန်သွားခေါ်.."

"မဟုတ်ဘူး အဆင်ပြေတယ်"

"အဲ့ဒါဆို ဘာလို့ရင်ဘတ်ကိုလက်နဲ့ဖိထားတာလဲ?အားနာစရာမလိုပါဘူး ခုသွားခေါ်လိုက်.."

"အဆင်ပြေတယ်လို့"

"သေချာလား?အဆင်မပြေတာရှိရင်ချက်ချင်းပြောနော်"

ဝန်ဘင်းလည်းရှက်ရှက်နဲ့ ဂျောင်ဆောင်ချန်း ခွံ့ပေးတဲ့ဆန်ပြုတ်တွေကိုပဲစကားတစ်ခွန်းမှမပြောတော့ပဲ သောက်နေလိုက်တယ်။ဒီလိုကျတော့လည်းခုနသူမသောက်ချင်ခဲ့တဲ့ဆန်ပြုတ်ကအရမ်းအရသာရှိနေသလိုလို။

ဂျောင်ဆောင်ချန်း ကသူ့နှုတ်ခမ်းမှာပေနေတဲ့ အကြွင်းအကျန်လေးတွေကိုတစ်ရှူးနဲ့တိုက်ရိုက်မသုတ်ပေးပဲသူ့လက်မလေးနဲ့ဖွဖွလေးသုတ်ပေးပြီးမှ သူ့လက်ကိုတစ်ရှူးနဲ့ပြန်သုတ်လိုက်တယ်။

"အရင် ကိုယ်မရှိတဲ့နေ့တွေတုန်း ဘာစားလဲ"

"ထယ်ဟိုဟျောင်းယူလာပေးတာ ကြက်စွပ်ပြုတ်ထင်တာပဲ အရည်တွေပဲသောက်နေရတာ"

"ဒီရက်ပိုင်းလေး သည်းခံလိုက်နော်။မြန်မြန်နေကောင်းရင် မြန်မြန်ဆေးရုံဆင်းရမှာ။အဲ့အခါကျ စားချင်တာ ဝယ်ကျွေးမယ် မဟုတ်သေးဘူး ကိုယ်တိုင်ချက်ကျွေးမယ် သိပြီလား"

"ဟျောင်းက ချက်တတ်တယ်?"

"ဒါပေါ့ အထူးပုဂ္ဂိုလ်လေးတစ်ယောက်ကြောင့်သင်ထားတာလေ"

"အာ~အဲ့လိုလား"

'ငါ နှစ်ပတ်လောက်လေးပျောက်သွားတာ သူကအထူးပုဂ္ဂိုလ်တောင်ရှိနေပြီပေါ့။ရယ်ရတယ် ပတ်ဝန်ဘင်း မင်းဘာတွေမျှော်လင့်နေတာလဲ"

ပတ်ဝန်ဘင်း ငိုချင်လာပြန်တယ်။သူဟိုဖက်မှာနေခဲ့တုန်းက၆လလောက်မကျပဲအောင့်ထားခဲ့တဲ့မျက်ရည်တွေကအခုမှအတိုးနဲ့လျှံကျချင်နေသလိုပဲ။

"ကျွန်တော် အိပ်ချင်နေပြီ"

"ခုနကမှနိုးတာမဟုတ်ဘူးလား။တစ်ချိန်လုံးအိပ်နေရင်ထိုင်းမှိုင်းတယ် ကိုယ်တို့စကားပြောကြဦးစို့လေ"

My Only SunshineWhere stories live. Discover now