Chapter-18

218 28 2
                                    

အခုအချိန်မှာ ဂျောင်ဆောင်ချန်း တစ်ယောက် ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်စားရထားသလိုပျော်ရွှင်နေရတယ်ဆိုရင်လည်းမမှားပါဘူး။သူချစ်ရတဲ့သူကလည်းသူ့အပေါ်တူညီတယ်ခံစားချက်တွေကိုတုံ့ပြန်ပေးတယ်ဆိုတာက သူ့အနေနဲ့ တစ်ခါမှမတွေးဖူးခဲ့တဲ့ကိစ္စ။သူ့ဘဝမှာ အချစ်ဆိုတာမျိုးရှိလာမယ်လို့တောင် မမျှော်လင့်ထားခဲ့ဘူး။ပတ်ဝန်ဘင်းက အမှောင်ဖုံးနေတဲ့သူ့ဘဝကိုရုတ်တရက်ပေါ်လာပြီး အလင်းပေးတဲ့နေရောင်ခြည်လှလှလေးပေါ့။

နှစ်ဦးသား တော်တော်နဲ့ပြန်မခွာနိုင်တဲ့ အနမ်းတွေဖလှယ်ပြီးတဲ့နောက်မှာ ဘာစကားမှဆက်မပြောဖြစ်တော့ပေ။နမ်းနေတဲ့အချိန်တုန်းကရှက်ဖို့သတိမရပေမယ့် ပြီးသွားမှ ဘယ်သူ့ဘက်ကမှစကားစမလာသလို အကြည့်ချင်းတောင်မစုံရဲတော့။

တစ်အောင့်ကြာမှ ဂျောင်ဆောင်ချန်း ကမျက်နှာတွေရောလည်ပင်းတွေရောနီရဲနေတဲ့ ပတ်ဝန်ဘင်းကြည့်ပြီး အနေရမခက်စေဖို့ချောင်းတစ်ချက်ဟန့်ပြီးစကားစလိုက်တယ်။

"အဟင်း ဟို..ကောင်းလား?"

"ဟမ်?ဘာ..ဘာကိုလဲ"

"မ..မဟုတ်ဘူး ကိုယ်ပြောချင်တာကလေ ဟိုဟာ ကြယ်လေးတွေကြည့်လို့ကောင်းလား အဲ့ဒါကိုမေးချင်တာ"

"အော ကောင်း..ကောင်းပါတယ်"

နေရမခက်အောင်ပြောလိုက်မှ ပိုနေရခက်သွားတဲ့ပုံပေါက်ကာ သူ့ကိုမချိပြုံး ပြုံးပြနေသူကိုကြည့်ပြီးအားနာစိတ်ဝင်သွားမိတယ်။
'ငါပိုဆိုးအောင်လုပ်လိုက်မိတာလား?'

"သွားကြတော့မလား ဟျောင်း?"

"ခဏနေပါဦး ဟိုနားမှာမြက်ခင်းတုလေးတွေရှိတယ် အဲ့မှာခဏထိုင်ကြဦးစို့လေနော်"

သူ့ရဲ့ဝန်ဘင်းနီးကရှက်နေလို့စကားရှာပြီး ပြန်တော့မလားမေးပေမယ့် တကယ်တမ်းမပြန်ချင်သေးမှန်း သူသိတယ်။သူအလုပ်တွေ
ပြန်မများသေးခင် သူ့ရဲ့ရှိသမျှအချိန်တွေကိုချစ်ရတဲ့သူအတွက်ပေးဖို့စဉ်းစားထားတယ်။

ထိုင်မယ်ပြောပေမယ့် မြက်ခင်းပေါ်ရောက်တော့ ဂျောင်ဆောင်ချန်း ကလှဲအိပ်လိုက်တယ်။

My Only SunshineWhere stories live. Discover now