Chapter-12

282 17 5
                                    

သဘောကောင်းတဲ့လူက ဝန်ဘင်းကိုအနီးနားကတည်းခိုခန်းလေးတစ်ခုငှားပေးတယ်။အခန်းကလည်းခပ်ကျဉ်းကျဉ်းပါပဲ။ကိစ္စတော့မရှိပါဘူး မဟုတ်လည်းသူကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲဆိုတော့ကျောတစ်ခင်းစာနေရာရရင်အဆင်ပြေပါပြီ။စိတ်နဲ့လူနဲ့ကပ်မနေတော့အခန်းကျဉ်းထဲမှာငုတ်တုတ်ကလေးပဲ ထိုင်နေမိတယ်။ခေါင်းတစ်ခုလုံးကလည်းဗလာဖြစ်နေပြီးတော့ ငိုနေဖို့တောင်အင်အားမရှိတော့သလိုပဲ။

"လူဆိုတာကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်ကြိုးစားပြီးနေထိုင်ရမယ်။ပတ်ဝန်းကျင်ကတော့ကိုယ့်အကြိုက်ကိုလိုက်ပြောင်းပေးနေမှာမဟုတ်ဘူး"ဆိုတဲ့စကားမျိုးကိုလည်းသူကြားဖူးတယ်။ဒါပေမယ့်သူကဘယ်ပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်နေရမှာလဲ။ဖြစ်ချင်သလိုဖြစ်နေတဲ့လောကကြီးမှာဘယ်လိုကြိုးစားပြီးနေရမှာတဲ့လဲ။
.
.
.
ဒေါက် ဒေါက် ဒေါက်
"ကောင်လေး  နိုးပြီလား?အော် ​လော့ချမထားဘူးပဲ။ဝင်ခဲ့ပြီနော်"

"ငါမင်းမနိုးသေးဘူးထင်နေတာ။ရော့ မနက်စာပေါင်မုန့်ယူလာတယ်။စားပြီးရင် မင်းအမေအမျိုးဆီသွားကြရအောင်"

ဝန်ဘင်း ဘာမှစားချင်စိတ်မရှိပေမယ့် ဝယ်ပေးတဲ့သူရဲ့စေတနာကိုစော်ကားရာမရောက်အောင်တော့လှမ်းယူလိုက်တယ်။
"ကျေးဇူးပါ ကျွန်တော်မျက်နှာသစ်ပြီးရင်စားလိုက်ပါ့မယ်"

"မျက်နှာမသစ်ရသေးဘူးလား?ငါကမင်းငုတ်တုတ်ထိုင်နေတော့ပြီးပြီထင်နေတာ။ဒါနဲ့မျက်နှာသစ်စရာရောရှိရဲ့လား"

"တစ်ခါသုံးပစ္စည်းလေးတွေတော့ ထားပေးထားမယ်ထင်တယ်၊ကျွန်တော်အဲ့ဒါပဲသုံးလိုက်မယ်"

မျက်နှာသစ် ဖို့ထလိုက်မှ သူ့ခါးတွေခြေထောက်တွေကနေ တဂျွတ်ဂျွတ်နဲ့အသံတွေတောင်မြည်လာတယ်။မနေ့ကရောက်ကတည်းကထိုင်နေမိတာ ေနာက်တစ်နေ့ကိုဘယ်လိုကူးသွားမှန်းတောင်မသိလိုက်ဘူး။

"အိုက်ဂူး လူငယ်လေးဖြစ်နေပြီးတော့ မကြံ့ခိုင်လိုက်တာ။ငါ မင်းအရွယ်တုန်းကဆို တောင်ဘက်ဝင်းနံရံနဲ့မြောက်ဘက်ဝင်းနံရံကိုခုန်ကူးရင်း ထမင်းစားလာတာ "

My Only SunshineWhere stories live. Discover now