Chapter-8

264 18 0
                                    

ဝန်ဘင်းကပုံမှန်ဆိုအအိပ်ဆတ်တဲ့သူမဟုတ်ပေမယ့် နေ့လည်မှာအိပ်ရေးဝထားတာကြောင့် ညသန်းခေါင်ရေသံကြားတာနဲ့နိုးလာခဲ့တယ်။ဘေးမှာလည်းဂျောင်ဆောင်ချန်းကမရှိတော့ဘူး။အဲ့အစား ရေချိုးခန်းကမီးလင်းနေတယ်။
'သူညကြီးကိုရေချိုးနေတာလားထပ်ပြီးတော့'

ရေကျသံတွေပဲဆက်တိုက်ကြားနေရပြီးလူကတော်တော်နဲ့ထွက်မလာတာကြောင့်သူလည်းမှန်တံခါးသွားခေါက်လိုက်တော့တယ်။
"ဟျောင်း ဆောင်ချန်းဟျောင်း အဆင်ပြေရဲ့လား ဟျောင်းကြားရလား"
ဘာသံမှထွက်မလာတော့သူလည်းစိတ်ပူသွားတော့တယ်။
"ဆောင်ချန်းဟျောင်း ကျွန်တော်ဝင်လာပြီနော်"

"မလာနဲ့!ငါအဆင်ပြေတယ်မလာခဲ့နဲ့"
တားတာနောက်ကျသွားတယ်။တားနေတဲ့အချိန်မှာပဲဝန်ဘင်းကအထဲကိုရောက်သွားပြီ။

ရေပန်းကလည်းရေတွေပွင့်လို့၊bathtub ရဲ့ဘေးမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ဂျောင်ဆောင်ချန်း နဲ့သူ့ခြေထောက်နားကတစ်ရှူးအပုံလိုက်ကိုတွေ့လိုက်ရတယ်။

"ဟျောင်းဘာဖြစ်နေ...ငိုနေတာလား။ဘာလို့လဲ"

"မငိုပါဘူး ဒီတိုင်းသမ်းလိုက်မိလို့"

"အဲ့ဒါဆိုမျက်နှာမော့ပြလေ ဘာလို့ခေါင်းငုံ့လိုက်တာလဲ"

"မငိုပါဘူးဆို လျှောက်မတွေးနဲ့"

"မငိုရင် ဒီထဲမှာအကြာကြီးဘာလုပ်နေတာလဲပြော။တစ်ရှူးတွေရော။ငိုသံမကြားရအောင်တမင်ရေဖွင့်ထားတာမလား"

ဒီတစ်ခါတော့ဂျောင်ဆောင်ချန်းကမငြင်းတော့ဘူး။
"ငိုစရာရှိရင်ငိုလိုက် စိတ်ထဲနည်းနည်းပဲဖြစ်ဖြစ်ပေါ့သွားတယ်လေ။ကျွန်တော်ဆိုလည်းအများကြီးငိုတယ်။အဲ့ဒါကြောင့်ကျွန်တော့်ကိုရှက်လို့ဆိုပြီးတော့ထိန်းထားစရာလည်းမလိုဘူး၊လိမ်ပြောစရာလည်းမလိုဘူး"

ဝန်ဘင်းကဒူးထောက်ထိုင်လိုက်ပြီးဂျောင်ဆောင်ချန်းရဲ့ခေါင်းလေးကိုသူ့ရင်ခွင်ထဲထည့်ပြီးခပ်ဖွဖွလေးပုတ်ကာနှစ်သိမ့်ပေးလိုက်တယ်။
"မရုန်းနဲ့နော်။ဝမ်းနည်းနေတဲ့အချိန်ဆိုဒီနည်းလမ်းကတော်တော်လေးအထောက်အကူဖြစ်တယ်။ဟျောင်းဘာအတွက်ဝမ်းနည်းနေရလဲမသိပေမယ့် ကျွန်တော့်ကိုရင်ဖွင့်ချင်ဖွင့်လို့ရတယ်"

My Only SunshineDonde viven las historias. Descúbrelo ahora