Intro

822 59 2
                                    

"အလုပ်စကြစို့!"

Hoodie လက်အနားစအား ဆွဲတင်၍ စာကြည့်မျက်မှန်လေးထောင့်ကိုလဲ ပင့်တင့်လိုက်သည်။
ထို့နောက် ကုတင်ဘေး စားပွဲပေါ်တွင်ရှိနေသော လက်တော့ပ် အနက်ရောင်လေးအား ဆွဲယူကာ ​ပေါင်ပေါ်သို့တင်ထားလိုက်သည်။

လက်တော့ပ် ခလုတ်တွေပေါ် လက်ချောင်းသွယ်သွယ်တို့ အနည်းငယ်ပြေးလွှားကြည့်ပြီးနောက် လိုချင်သော သတင်းတစ်ချို့ တက်လာခဲ့သည်။

"Kpop Idol ဖြစ်သည့် KimGyuVin နှင့်အမည်မသိ မိန်းကလေးတစ်ဦး Hotelထဲသို့ ဝင်သွားခြင်း"

နောက်ကွယ်အကြောင်းအရာ ဘာများဆက်ဖြစ်မလဲ?

ဆိုသည့် ခေါင်းစည်းနှင့်အတူ ထိုလူ၏ ကျောပြင်နှင့်  အတော်လေး မှုန်ဝါးနေသောမိန်းကလေးတစ်ဦး၏ ဓာတ်ပုံတစ်ချို့တက်လာသည်။

ဟန်ယူဂျင်း၏ မျက်မှောင်တို့ တွန့်ကွေးကာသွား၏။
နောက် အပေါ်သို့အနည်းငယ် ဆွဲကြည့်လိုက်ရာ..

နောက်ထပ် ထိုလူ့ ကောင်းသတင်းထက် မကောင်းသတင်းက ပို၍ ဆိုးဝါးစွာ ထပ်တက်လာပြန်သည်။

"Idol တစ်ယောက်ဖြစ်နေသည့် Kim GyuVinဟာ အမှန်တကယ် မိန်းကလေးတစ်ဦးနှင့်တွေ့နေခြင်းလား?"

"IDOLတစ်ဦးဖြစ်ပြီး မိန်းကလေးတစ်ဦးအား အနိုင်ကျင့်ခဲ့တာ အမှန်ဘဲလား?"

"မိန်းကလေးငယ်တစ်ဦးနှင့်ရုပ်ရှင်အတူကြည့်ခဲ့သည့် Kim GyuVin~~~"

စသည့် စသည့် Dating Newတွေနှင့် တစ်ဖက်စောင်းနင်း စွတ်စွဲချက်တွေဟာ ဆွဲမကုန်အောင် မြောက်များစွာထပ်တက်လာသည်မို့ ယူဂျင်း လက်တော့ပ်အား အားနှင့်
ပိတ်ချလိုက်တော့သည်။
တကယ်ဆို Dating Newသာ ဆိုသည် တက်လာသည့် ပုံတွေမှာ မိန်းကလေးတွေဟာ ပုံစံကွဲတွေပင်။
တစ်ချို့က ဆံပင်ရှည်ပြီး တစ်ချို့ကဆံပင်တိုသည်။တစ်ချို့ကျတော့ ဝတာ ပိန်တာ အရပ်ရှည်တာ အရပ်ပုတာ စသည့်ဖြင့် ကွဲပြားနေတတ်၏။
သူ့ Fanတွေများလား ဆိုတော့လဲမဟုတ်ပြန်။
မြင်နေရသည့်အနေအထားမှာ နီးနီးကပ်ကပ်...
ဟူးးး
ယူဂျင်းက သက်ပြင်းချ၍ လက်တော့ပ်ကို သူ့နေရာသူ ထားလိုက်တော့သည်။
ထို့နောက် နံရံတွင်ကပ်ထားသော ပုံတစ်ချို့အား ကြည့်၍ အသံကျယ်ကျယ်ပင်ထွက်ကာ ရေရွတ်မိ၏။

"အဓိပ္ပာယ်မရှိတာတွေ..."

*****************

အာညော်လ်~~~
Gyujin နောက်တစ်ပုဒ်အနေနဲ့ Sweet & Spicyလေး တစ်ပုဒ်လောက်ထပ်ကြိုးစားကြည့်မလို့ လိုက်ပါစီးမျောပေးကြပါအုံး။
Updateကတော့ IYDMပြီးတဲ့နောက်မှ ဆွေးနွေးမယ်နော် ဟီးး။

ROYAL STARHikayelerin yaşadığı yer. Şimdi keşfedin