6

333 59 7
                                    

လွန်ခဲ့တဲ့ 5နှစ်ကို ပြန်သွားကြည့်လိုက်စမ်း ကလေးငယ်..
မင်းကို လက်လွှတ်ပေးလိုက်ရလို့ ပြိုလဲနေတဲ့ လူတစ်ယောက်ကိုတွေ့ပါလိမ့်မယ်
ဘဝတွေစုတ်ပြတ်သပ်လုနီးပါးဖြစ်ခဲ့ပြီးတာတောင် အရူးပိုင်း မင်းကို ဆွဲထားချင်တဲ့လူတစ်ယောက်...
ပြီးတော့ မင်းသာ ကိုယ့်လက်ကိုမြဲဆွဲကိုင်ထားပေးမယ်ဆိုရင် သေလောက်အောင် တန်ဖိုးထားခဲ့ရတဲ့ အိမ်မက် ဆိုတာကြီးကိုလဲ စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့လူတစ်ယောက်ကိုပေါ့ကလေးငယ်...
မင်း အဲဒီအချိန်က မတွေ့ခဲ့ဘူး
ဘယ်တွေ့ခဲ့ပါ့လဲ မင်းက ကိုယ့်ကိုမြင်ချင်ယောင်ဆောင်ရုံမက ကျောခိုင်းသွားလောက်တဲ့ထိ မုန်းသွားခဲ့တာဘဲ....။

~~~~~~~

"ကိုယ်တကယ်လုပ်ခဲ့တယ်လို့ကိုယ်ဖြေမယ်ဆိုရင်ကော မင်း ကိုယ့်အပေါ် ဘယ်လိုမြင်မှာလဲ သတင်းထောက်ဟန်"

အဖြေတို့လွတ်မသွားစေရန် ထိုမျက်ဝန်းဝိုင်းတွေထဲ ကင်ခ်ဂယူဘင်းက စူးစိုက်ကာကြည့်၍ မေးမိသည်။

"အရေးပါနေလို့လား?ဒါက.."

...

"ကျွန်တော့်အမြင်က ခင်ဗျားအတွက်အဲလောက်ထိ အရေးပါနေလို့လား ကင်ခ်ဂယူဘင်း "

ဟား.....
ဂယူဘင်း ဉီးခေါင်းအား မော့၍ သက်ပြင်းမောချလိုက်မိသည်။
ဟုတ်ပါရဲ့..
လက်ရှိတွင် ထိုကောင်လေးနှင့်သူဟာ တစိမ်းတွေဘဲလေ..။
ဘာကြောင့်များ ပေါက်တက်ကရတွေ
မေးနေမိပါလိမ့်။

ROYAL STARWhere stories live. Discover now