11

204 34 2
                                    

လေးလံနေတဲ့ခြေလှမ်းတွေအား တစ်လှမ်းချင်း အားယူကာလှမ်း၍ အိပ်ယာပေါ်သို့ ပစ်လှဲလိုက်၏။
ဒီနေ့ သူ အားအင်တွေကုန်ခမ်းနေလေပြီ။

*ဟူး....*

သက်ပြင်းတို့အကြိမ်ကြိမ်ချနေပါသော်လည်း စိတ်လေးဟာ မပေါ့ပါးသွား။
ဟိုဟို ဒီဒီလူးလှိမ့်မိတော့ အိပ်ယာဘေးမှ စာအုပ်လေးတစ်အုပ် ဆီ အကြည့်ရောက်သွားလေသည်။

တစ်နည်းပြောရလျှင် မှတ်စုစာအုပ်လေးဖြစ်ပါလိမ့်မည်။

ယူဂျင်းတွင် ငယ်စဥ်ကတည်းက အကျင့်လေးတစ်ခုရှိလေသည်။ထိုအရာကတော့ တစ်နေ့တာကို မှတ်စုစာအုပ်လေးထဲတွင် ညအိပ်ယာမဝင်ခင် ချရေးတတ်ခြင်းပင်။
ထို့ပြင် မရေးရသေးသည့်မှတ်စုစာအုပ်များနှင့် ရေးပြီးသား မှတ်စုစာအုပ်များကိုလဲ စနစ်တကျ သိမ်းဆည်းထားတတ်သေးသည်။

ကိစ္စ အချို့ကြောင့် ယူဂျင်း အတိတ်မေ့နေစဥ်အချိန်ထိ ထိုစာအုပ်လေးတွေကတော့ ယူဂျင်းအနားအမြဲရှိနေခဲ့လေသည်။

အိပ်ယာပေါ်မှ ခပ်ဖြည်းဖြည်း ထလိုက်ကာ စားပွဲနား ချည်းကပ်လိုက်၏။
Stickerလေးတွေကပ်ထားသည့် မှတ်စုစာအုပ်လေးဆီ လက်လှမ်းကာ ယူလိုက်၍ ပထမဆုံး စာမျက်နှာအား လှန်လိုက်သည်။

*ကိုကို..*

နှစ်လုံးတည်းသော တွေဟာ ခေါင်းစည်းအဖြစ်နေရာယူထားလေသည်။

တစ်နေ့တာအတွက်မှတ်စု ရေးခြင်းဆိုပေမယ့် ယခု စာမျက်နှာထက်တွင် တစ်စုံတစ်ယောက်၏ အကြောင်းအရာတွေသာ ပါဝင်နေခဲ့လေသည်။

ထိူလူနှင့်တွေ့ဆုံမှု၊ထိုလူပြောခဲ့သည့်စကားလုံးများ၊ထိုလူ၏ မျက်နှာအမူအယာ စသည်ဖြင့် အသေးစိတ်ပုံဖော်ထားခဲ့သည်။
ခပ်လှလှ စာလုံးလေးတွေနှင့်အတူ ပုံတူခဲပန်းချီလေးပါ ရှိနေလေ၏။

ယူဂျင်း၏ လက်ချောင်းထိပ်တို့ ခပ်ဖွဖွလေး ထိမိသည်က ခဲပန်းချီလေးထံတွင်သာ..။

"ကိုကို"ဆိုတဲ့နာမ်စား၏ အမည်ပိုင်ရှင်ဟာ မထီမရီ ပြုံးတတ်သည့်နှခမ်းပါးတို့ပိုင်ရှင် အမျိုးသားတစ်ဦး..။
နာကပ် အသေးလေးတွေကို ဝတ်ဆင်ထားတတ်သည်က တစ်ပုံစံတည်းလိုပင်။

ROYAL STARWhere stories live. Discover now