12

242 30 0
                                    

အဲဒီနေ့က..ယူဂျင်း
အသစ်စစ်စစ် မှတ်စုစာအုပ်လေးတစ်အုပ်အား ယူကာ ပထမဆုံးစာမျက်နှာထက်..

"ကိုကို"ဟူသော စာလုံးလေးအား ခေါင်းစည်းတပ်လိုက်မိသည်က အကြောင်းရင်းမဲ့စွာ..
ထိုမျှသာမက အကြောင်းပြချက် မယ်မယ်ရရမရှိပါဘဲ မျက်မှန်လေးအား တစ်ချက်တစ်ချက် င်တင်နှခမ်းပါးတွေဟာ ပြုံးရိပ်ယောင်ထင်ဟပ်နေခဲ့လေသည်

ဒီလောက်ထိ သူ့မျက်နှလေးပြောင်းလဲသွားမှုမှာ တစ်စုံတစ်ယောက်အားထင်မှတ်ဘဲ "ကိုကို"ဟူသော နာမ်စားလေးသုံးမိလိုက်ခြင်းက ဖြစ်တည်လာခြင်းဘဲဖြစ်လေသည်..။

~~~~
2020ခုနှစ် ဇန်နဝါရီ 1ရက်နေ့တွင်ဖြစ်သည်။

"မေမေ ဘာရှာနေတာလဲ?!"

ယူဂျင်း အခန်းထဲရောက်နေသည့်မေမေ့အား ကျောင်းမှပြန်ရောက်ချိန်တွင် တွေ့လိုက်ရခြင်းဖြစ်သည်မို့ မေးလိုက်မိ၏။
မေမေက သူ့မေးခွန်းကို ချက်ခြင်းအဖြေပြန်
မပေးဘဲ တစ်စုံတစ်ခုအား သည်းကြီးမည်းကြီးရှာဖွေနေလေ၏။

"မေမေ ဘာရှာနေတာလဲလို့!"

မေမေ့အနားသွား၍ မရမက မေးလိုက်မှသာ မျက်မှောင်တွန့်ချိုးနေသည့် မေမေ့မျက်နှာကိုတွေ့လိုက်ရ၏။
ယူဂျင်း သူ့ကိုယ်ပိုင်အခန်းလေးအား တစ်ချက်ဝေ့ကြည့်လိုက်မိသည်။
ထူးခြားတာ ရယ်လို့ ဘာမျှမရှိ။
သူ အိပ်သည့်ကုတင်တစ်လုံးရယ် စာကြည့်စားပွဲလေးရယ် အဝတ်အစားထားသည့် ဗိရိုတစ်လုံးရယ် ထိုမျှသာ ရိုးရှင်း၏။

ROYAL STARWhere stories live. Discover now