9

250 55 4
                                    

(ဤ Ficပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်သာ ဖြစ်သည်။
စကား အသုံးအနှုန်းအနည်းငယ် ကြမ်းနိုင်၍ Ficအနေနှင့်သာ ဖတ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်)

_________

တစ်ချို့အတိတ်တွေဟာ တူးဆွဖို့ကောင်း
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဒွန်တွဲလာလျှင် တစ်ဖက်တည်းကသာ အလေးသာနေသည်မို့
သို့ပါသော်လည်း ဘယ်လိုပင်ဆိုးဝါးတဲ့အတိတ်ဖြစ်နေပါစေ ကိုယ့်အနားမှာမင်းရှိနေခဲ့ပြီး မင်းအနားမှာလဲ ကိုယ်ရှိနေခဲ့တယ်ဆိုတဲ့အမှန်တရား​က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး....။

~~~~~~~~~

လွန်ခဲ့သော 5နှစ်ခန့်

2018/10/10

ဒီနှစ်မှာ ဟန်ယူဂျင်း 16နှစ်တင်းတင်း ပြည့်တော့မှာဖြစ်သည်။
ရူးဖိနပ် အဟောင်းလေးက ကြည်နူးနေတဲ့ ကလေးတစ်ယောက်၏ စိတ်ကို မထိရောက်နိုင်။
အထက်တန်းကျောင်းသားလေးဖြစ်ပြီ ဖြစ်တဲ့ ယူဂျင်းအား ရည်ရွယ်၍ မေမေက ဟိုလူမသိအောင် ကျောပိုးအိတ်လေးတစ်လုံး ဝယ်ပေးခဲ့သည်မို့ ယူဂျင်းဟာ မြောက်ကြွကြွလေးဖြစ်နေပါ၏။

အထက်တန်း ကျောင်းဝတ်စုံလေး​နှင့် ယူဂျင်းမှ အတော်လေးချစ်စရာကောင်းနေတော့သည်။

"ဟေ့..!"

အသံနှင့်အတူ ယူဂျင်း၏ ပခုံးထက် ရောက်လာခဲ့သည့် လက်တစ်ဖက်။

"ဘာ..ဘာလုပ်တာလဲဗျ!"

ကြောက်လန့်ကာ ထိုလူ့လက်တွေထဲမှ ရုန်းထွက်၍ စောင်းနေသည့်မျက်မှန်လေးကို ပြန်တည့်လိုက်သည်။

ROYAL STARWhere stories live. Discover now