4

341 72 6
                                    

တစ်ခါတစ်ရံ သူဟာ အိပ်ချင်ယောင်ဆောင်တတ်သည်ကိုသဘောကျတတ်သည်
တကယ် အိပ်ပျော်နေခြင်းမဟုတ်ဘဲနှင့်ပေါ့

ဒီလိုစကားရှိတယ်လား
အိပ်ချင်ယောင်ဆောင်တဲ့လူကို ပိုနှိုးခက်သတဲ့
သူလဲ အဲလိုပါဘဲ တစ်ဖက်က ဘယ်လိုပုံစံမျိုးနှင့် သတိပေးနေပါစေ သတိလွတ်ချင်ယောင်ဆောင်နေတဲ့ သူက အမြဲတုံးအနေတဲ့လူတစ်ယောက်သာသာ...။

~~~~~

"ကင်ခ်ဂယူဘင်း!!!"

ရုံးခန်းတံခါးအား ဝုန်းဒိုင်းကျဲဆွဲဖွင့်ကာ ဝင်လာသည့်အမျိုးသားမှာ မျက်မှန်ဝိုင်းခပ်ကြီးကြီးတို့တပ်ထားသည်။

"မင်းကို ငါပြောထားတယ်မလား!ငါ သတိပေးခဲ့တယ်မလားလို့!!!"

စကားနှင့်အတူ ဓာတ်ပုံအချို့ စားပွဲပေါ်ဖြန့်ကျဲခံလိုက်ရသည်။
ဂယူဘင်း၏ မျက်မှောင်တို့တွန့်ခနဲ..

"အဲဒါကဘယ်လိုဖြစ်တာလဲ! ဘာကြောင့် ဒီစိတ်ပျက်ဖို့ကောင်းတဲ့ ပုံတွေ ထွက်လာတာလဲလို့! ငါမေးနေတယ်လေ!!!"

ဒုန်း!

"ငါ မေး ရင် ဖြေ!"

သူ့ရှေ့မှ အလုပ်စားပွဲအား ဒေါသတကြီးထုလိုက်ခြင်းဖြစ်သည်မို့ စာအိတ်ဖိုင်တစ်ချို့ပင် မြောက်တက်တော့မလိုပင်။
သူ တိတ်တဆိတ်နားထောင်နေသည်ကို အကောင်းမှတ်နေသည်ထင်၏။
အတော်ကို အတင့်ရဲနေခြင်း။

"ဒီမှာ! ကင်ခ်ထယ်ရယ် ရှီး!"

"မင်း!မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ အခု!!"

အသံအရမ်းအောင်သည့် ကင်ခ်ဂယူဘင်း၏ တစ်ဝမ်းကွဲ အစ်ကို ကင်ခ်ထယ်ရယ်..။

ROYAL STARWhere stories live. Discover now