8

246 65 4
                                    

အစတည်းက ကိုယ်တို့နှစ်ယောက်ကို ဆုံစည်းခွင့်ပေးခဲ့လိုက်င့်ဘူး ကံတရားရယ် နောက်ဆုံး ဝေးကွာသွားမှာသေချာနေခဲ့ရင်လေ..။

ဒီရက်တွေမှာ  ကိုယ့်အနားက မင်းကိုဆွဲခေါ်သွားခဲ့တဲ့အရာမှန်သမျှ အပြစ်တွေပုံချလို့ စွဲချက်တင်ပတ်ရမ်းခဲ့တယ်ကလေးငယ်
နောက်ဆုံးမှ သိလိုက်တာက အဲဒီအပြစ်တွေအားလုံးကို ရသင့်တဲ့လူက ကိုယ်ကိုယ်တိုင်ပါတဲ့လေ...။
မင်းရော အဲလိုအတွေးတွေ ရှိနေခဲ့တာများလား?

~~~~~~~~~~~

"သင်တန်းသူအသစ်တွေ ပိုပြီးလက်ခံလိုက်မိတာ ပိုပင်ပန်းနေမှာဘဲ အားနာရပါတယ်"

အတွင်းရေးမူးဖြစ်သူမှ သင်တန်းပို့ချသူ အရည်အချင်းရှိ သင်တန်းဆရာအား အလေးအနက် စကားပြု၏။
ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်လာတဲ့အပေါ် တုံ့ပြန်မှုရှိလာတဲ့အခါ အရင် သင်တန်းသားအချို့ ထွက်သွားကြတာရှိသလို ထပ်ရောက်လာသည့် သင်တန်းသား အသစ်တွေလဲရှိပေသည်။

ကြားထဲပင်ပန်းရသူက သတန်းပို့ချပေးသည့် အရည်အချင်းရှိ ဆရာတွေဘဲဖြစ်သည်။
ထို့ကြောင့်ပင် အတွင်းရေးမူးမှာ Ent စတည်ထောင်လိုက်ကတည်းက  အတူရှိနေခဲ့သည် ဆရာတစ်ဦး အား အားနာဟန် စကားပြုရခြင်းဖြစ်၏။

တစ်ဖက်မှ သင်တန်းဆရာဖြစ်သူက ပြုံးရုံသာပြုံး၍ အဆင်ပြေကြောင်းပြလာသည်မို့ စိတ်အေးသက်သာ ရသွားပါသည်။
သို့ပေမယ့် တစ်မိနစ်ပင် မကြာလိုက် ဖုန်းကထမြည်လာ၏။

ROYAL STARWhere stories live. Discover now