7

311 62 4
                                    

ကိုယ့်ရဲ့အတိတ်မှာလဲ မင်းရှိတယ်။
ကိုယ့်ရဲ့စိတ်ကူးယဥ်အနာဂတ်မှာလဲ မင်းရှိနေပါတယ်
ယခု လက်ရှိမှာလဲ ကိုယ့်ရှေ့မှာ မင်းရှိနေပါတယ်
ဒါဟာ ကံကောင်းခြင်းလို့ ကိုယ်ယူဆတယ်
ပြီးတော့လေ ကလေးငယ် မင်းရဲ့ဖြစ်တည်မှုက ဘယ်အချိန်မှာဆို ကိုယ့်အတွက် အရမ်းကိုတန်ဖိုးရှိပြီး မြတ်နိုးဖို့ကောင်းပါတယ်
ဒါပေယ့် မင်းအတွက်တော့ ကိုယ့်ဖြစ်တည်မှုက ဘယ်လိုပုံစံနဲ့ ရှိနေသလဲဆိုတာ ကိုယ် ဘယ်တုန်းကမှသတိပြုမိခဲ့ဘူး...။
ဒီအချက်ကြောင့် ကိုယ်တို့နှစ်ယောက် ဝေးကွာသွားကြလိမ့်မယ်လို့လဲ တစ်ကြိမ်လေးမှ တွေးကြည့်မိခဲ့ပါဘူး..။

~~~~~~~~

ရေခဲသတ္တာထဲမှ ရေဘူးအား ဆွဲယူ၍ ဖန်ခွက်အကြည်ထဲထည့်ကာ အိပ်ခန်းထဲသို့ယူသွားလိုက်သည်။

သူ့အပြုအမူ တစ်ခုချင်းဆီလိုက်ငေးကြည့်နေသည့် ယူဂျင်းဟာ ဂရုဏာသက်ဖွယ်ပင်။

"ရော့ ရေသောက်လိုက်အုံး ယူဂျင်းနီး"

လက်ထဲသို့ ရေခွက်ထိုးပေး၍ မွေယာထက်တွင်သာရှိနေသေးသော ယူဂျင်းနီး၏ ရှေ့တွင် မုဆိုးဒူးထောက်ထိုင်ချလိုက်ကာ အရောင်ဖျော့နေသော မျက်နှာလေးကို သေချာကြည့်မိလိုက်၏။

ROYAL STARDonde viven las historias. Descúbrelo ahora