13

234 30 0
                                    

"ဖြောင်း!"

လည်ထွက်သွားသည့် မျက်နှာသေးသေးလေး၏ ပါးတစ်ဖက်တွင် လက်ဖဝါးရာခပ်ကြီးကြီးဟာ နေရာယူလျက်..
နာကျင်မှုကိုသည်းခံ၍ ယူဂျင်း မျက်လုံးသေတွေနှင့် ပြန်ကြည့်လိုက်၏။

"ဘာအတွက်လဲ!"

အိမ်သို့ပြန်ရောက်ရောက်ချင်း မိခင်ဖြစ်သူထံမှ အရိုက်ခံလိုက်ရခြင်းဖြစ်သည်။
အကြောင်းအရင်း သေချာမသိရသေးသ၍ ယူဂျင်းက သည်းခံထား၏။
တစ်ဖက်မှာ ကိုယ့်မေမေ ဖြစ်နေသည်မို့..

"မင်း မရှက်တတ်ဘူးလား ဟန်ယူဂျင်း! မင်းမှာ အဲလောက်ထိ ငွေလိုအပ်နေလား ငါက မင်းကို မထောက်ပံ့ပေးလို့လား!မင်းပြောစမ်း!!"

ယူဂျင်း အံ့တို့ကြိတ်ထားလိုက်သည်။ဘာစကားမှ ပြန်မပြောသေးဘဲ ခဏနေမှ ပြုတ်ကျသွားသော မျက်မှန်အား ကောက်ယူလိုက်သည်။

"အေး..မင်းမရှက်ပေမယ့် ငါရှက်တယ်ဟဲ့ ငွေ​ကြောင့် ယောကျ်ားတစ်ယောက်နား ချည်းကပ်နေရတယ်လို့!"

"မေမေ!!!"

ယူဂျင်း မေမေ့ကို ကြောက်ရွံ့လာသည်။
ဘယ်လောက်ထိ ဘယ်အတိုင်းအတာထိ သူ့စိတ်ကို ထိုးနှက်ချင်နေကြတာလဲ..။

"မေမေ ဘာစကားတွေ ပြောနေတာလဲ ကျွန်တော် နားမလည်ဘူး!အခု ကျွန်တော်သိတာ အသားလွတ်ကြီး အရိုက်ခံလိုက်ရတဲ့အပြင် ကိုယ်တန်ဖိုးထားတဲ့ မေမေ့ဆီက မတရားစွတ်စွဲခံနေရတယ်ဆိုတာဘဲ.."

ရှိုက်သံတို့မထွက်စေရန် ယူဂျင်းထိန်းချုပ်ထားသည်။
သူမျက်ရည်မကျပါ ဝမ်းနည်းမပြသလို ရင်နာရသည်ကိုလဲ သိသာအောင်မလုပ်ပြတော့..။
တကယ်က ဟန်ယူဂျင်း  ဝမ်းနည်းသည် နာကျင်သည် စသည်ဖြင့် မည်သည့်ခံစားချက်ကိုမှ မည်သူကမှ ဂရုစိုက်ကြလိမ့်မည်မဟုတ် ဆိုတာ သိထား၍ ဖြစ်သည်။

"ဘာပြောတယ် စွတ်စွဲတယ် ဟုတ်လား!! မင်းတက်နေတဲ့ကျောင်း မင်းအတန်းထဲကလူတွေ အားလုံး မင်းက သူဌေးသားနားကပ်စားနေတဲ့
ကောင်လေး ဆိုပြီး ကွယ်ရာတစ်မျိုး ရှေ့တစ်မျိုး ဝိုင်းပြောနေကြတယ်ဆိုတာ ငါမသိဘူးထင်နေလား ကင်ခ်ဂယူဘင်းဆိုတဲ့ကောင်လေးနား မင်းက ငွေမက်ပြီး ကပ်စားနေတာတဲ့ ပြီးတော့ မင်းတို့ချင်းအနေနီးပြီး...ငါ ဆက်မပြောချင်ဘူးဟန်ယူဂျင်း မင်းအစ်ကိုဆို ရှက်လွန်းလို့ ကျောင်းတောင် မသွားရဲတော့ဘူးလို့ ငါ့ကိုလာပြောတယ်ဟဲ့ ဒီမှာ!ဟန်ယူဂျင်း မင်းမရှက်တတ်ရင်တောင် ငါတို့မိသားစုဂုဏ်သိက္ခာလေးတော့ ထိန်းပေးစမ်းပါ ငါရှက်လွန်းလို့ပါ!!"

ROYAL STARWhere stories live. Discover now