10 (Part_1)

250 54 2
                                    

(လက်ရှိကာလ...)

လက်သည်းကိုတတိတိ ကိုက်ခဲနေသည့်လူတစ်ယောက်။
မှောင်မည်းနေသည့်အခန်းကျဥ်းလေးထဲ မီးအိမ်တစ်ခုသာ ထွန်းထားပြီး လက်တော့ပ်တွင်စာရိုက်နေချိန် ဝေခွဲမရဖြစ်လာဟန် ပုံပေါ်နေ၏။

*Idol KimGyuvin ပိုင်ဆိုင်သည့် Entတွင် လျှိဝှက်ချက်များစွာရှိနေ...*

ထပ်ပြီး ဘာဆက်ရေးရမှန်းမသိဖြစ်သွားပြန်၏။

"အား!!!!"

ဦးခေါင်းထက်မှ ဖွာလန်ကြဲ ဆံပင်ထူထူအား လက်နှစ်ဖက်လုံးနှင့်ကြမ်းတမ်းစွာ ပွတ်ဆွဲ၍ စိတ်မရှည်ဖြစ်နေရသည်။
သူ ထပ်ပြီး ဘာဆက်ရေးရမလဲ...

လက်ပ်တော့၏ ဘေးတွင် ပျံ့ကြဲနေသော ဓာတ်ပုံများ...
နေရာ/အချိန်/လူတွေဟာ ကွဲပြားနေပေမယ့် ပုံတွေဟာ မြောက်မြားစွာ..
ဒီပုံတွေကို ရဖို့ သူ သေလောက်အောင်ကြိုးစားခဲ့ရတာ..

အကြောင်းပြချက်က ပိုက်ဆံ/အာဏာ တစ်ခုမှမဟုတ်ပါဘဲ..
ကင်ခ်ဂယူဘင်း လုံးဝပြန်ပြီးမရပ်တည်နိုင်လောက်အောင် ပြိုလဲသွားဖို့ ကျရှုံးသွားဖို့ဖြစ်သည်။

တကယ်တော့ သူ့အနေဖြင့် ကင်ခ်ဂယူဘင်းအား ဖြည်းဖြည်းချင်း ဆွဲချမည်ဟု အစီစဥ်ဆွဲထားခဲ့ပေမယ့် ယခု ထိုသို့လုပ်နေခြင်းက အချိန်ဆွဲထားသလိုပင်ဖြစ်နေသည်။
သူ့ ကြိုးစားမှုတွေဟာ ကင်ခ်ဂယူဘင်းကို ထင်သလောက်မထိရောက်နိုင်သလိုဖြစ်နေသည်မို့ ဒေါသထွက်ဖို့ကောင်းလှသည်။

သူ့ဘက်ကလုံးဝလက်လျော့လိုက်မည်မဟုတ်။
သူ့ဘဝမှာ အမုန်းဆုံးလူတစ်ယောက်ဖြစ်သည့် အဲဒီလူ ပြိုလဲသွားမှ သူ အသက်ဝဝရူနိုင်မည်။

နာမည်ရ IDOLတစ်ဦးဖြစ်လာသည့်ကင်ခ်ဂယူဘင်းက ကိုယ်ပိုင်Entတစ်ခုကိုတည်ထောင်နိုင်ခဲ့သည်တဲ့..။
ထိုလူ၏မိသားစုနောက်ခံကြောင့် များစွာပါဝင်နိုင်သည်ကိုသိပေမယ့် အသက်အရွယ် 25နှစ် မှာ Entတည်ထောင်နိုင်ခဲ့သည် ဆိုတာက လူအထင်ကြီးစရာဖြစ်လာ၏။

သူ့ဘဝက တစ်နေ့ထက်တစ်နေ့ နစ်မွန်းနေခဲ့ပေမယ့် ထိုလူကတော့ တစ်နေ့ထက်တစ်နေ့ တောက်ပလာခဲ့သည်ကို မုန်း၏။
ဒီလောက်ထိ သူ ဆွဲချနေတာတောင် မလှုပ်မယှက် ဂရုမစိုက်သလို နေနေခြင်းကိုလဲမုန်းသည်။
ကင်ခ်ဂယူဘင်းယာ သူ့အတွက် အဆိပ်အတောက် တစ်ခုထက်မပိုခဲ့။
ဖယ်ရှားပစ်ဖို့ ချနင်းပစ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်လျော့ခဲ့ရသည်ကြည်း။

ROYAL STARWhere stories live. Discover now