"ကင်ခ်ဂယူဘင်းက ခင်ဗျားတို့ထိချင်တိုင်း ထိလို့ရတဲ့လူမဟုတ်ဘူး!"
ခပ်ဆတ်ဆတ် အသံလေးကြောင့် ကင်ခ်ဂယူဘင်းခြေလှမ်းတို့ ရပ်တန့်လို့သွားသည်။
"ငါသာ သူရဲ့ချစ်သူဆိုရင် မင်းကို ဘယ်နေရာမှာမှ ထပ်ပေါ်မလာရဲအောင် လက်စဖျောက်ပစ်နိုင်တယ်ဆိုတာ သဘောပေါက်!!"
ထိုစကားကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့အခါ ကင်ခ်ဂယူဘင်း နှခမ်းတို့တွန့်ကွေး၏။အမှတ်တမဲ့ ကောင်လေးနှင့်လူတစ်ယောက် အချင်းများနေကြဟန် တွေ့လိုက်ရသည်မို့ အနားသို့ အမြန်သွားချိန်တွင် ထိုစကားတို့ကြားလိုက်ရခြင်းဖြစ်သည်။
ဟန်ယူဂျင်း တစ်ယောက် သူ့ကိုမမြင်သေး။သူ့အနေဖြင့် တစ်ဖက်လူ ဘာတွေပြောလိုက်လဲ စိတ်မဝင်စား။
တစ်ဖက်လူ သူနှင့်ပတ်သက်ပြီး ဘယ်လောက်ထိ ဆွဲချနိုင်လဲ ဂရုမစိုက်။
သူ ဂရုစိုက်တာ အကောင်သေးသေးလေးနှင့် သူ့အတွက် ဖိုက်တာလုပ်နေသည့် ကလေးငယ်ထံတွင်သာရှိနေ၏။"ယူဂျင်း...?"
အနားသွားကာ နာမည်လေး လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာသည့် ကောင်လေး၏ မျက်ဝန်းတွေမှာ အံ့သြရိပ်တွေဖြတ်ပြေး၏။
ထို့နောက် သူ့အား တစ်ချက်ကြည့်၍ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
ဘာကြောင့်များလဲ ဟု သူအထပ်ထပ်ခါခါ တွေးမိတော့လဲ အဖြေဟာထွက်မလာခဲ့။
"ဟန်ယူဂျင်း!"
နှုတ်မှလဲဆက်တိုက် ခေါ်၍ လူကိုယ်တိုင်လဲ ထိုကောင်လေးနောက် အမှီလိုက်ရသည်။
ဘာကြောင့်များ သူ့ကိုမြင်တာနဲ့ထွက်ပြေးသွားလဲမသိပေမယ့် ဖြေရှင်းဖို့လိုသည်ဟု သူထင်သည်။"ဟေး..!"
ခဏအကြာအမှီလိုက်ပြီးနောက် ကားလမ်းမကူးခင် အနည်းငယ်အလိုတွင် လက်ကောက်ဝတ်လေး ဖမ်းဆွဲမိလိုက်၏။
"ကိုယ်နဲ့ လိုက်ခဲ့ ကိုယ်တို့စကားပြောမယ်"
လက်ကောက်ဝတ်လေးအား မလျော့မတင်းဆွဲယူ၍ သူ၏ ရုံခန်းရှိရာထိ ဆွဲခေါ်လာခဲ့တော့ ထိုကလေးက မျက်နှာတည်လေးနှင့် သူ့အနားကပ်ပါလာသည်။