တစ်ခါတစ်ရံ လူတိုင်းဟာ မဖြစ်နိုင်သည့်အရာတွေကို မျှော်မှန်းတတ်ကြသည်။
ဥပမာ ကောင်းကင်ပေါ်တွင် တလက်လက် တောက်ပနေသော ကြယ်လေးကို ခူးဆွတ်ခွင့်ရချင်တာမျိုးပေါ့...။တစ်ချို ပြောတတ်ကြသည်က နားထောင်၍ သိပ်ကောင်းသည်။
"ကမ္ဘာပေါ်မှာ မဖြစ်နိုင်တဲ့အရာ မရှိတဲ့ မဖြစ်သေးတာဘဲ ရှိတာပါတဲ့လေ"
ထိုစကားကိုယုံကြည်ထားသည့် ကျွန်တော်..
ရှိသမျှ အားအင်တို့ ထုတ်သုံး၍ ကြိုးစားခဲ့သည်။
အရမ်းကို တောက်ပနေတဲ့ ကြယ်တစ်စင်းအား မျှော်ကြည့်နေတာထက် တွေ့ထိခွင့်ရရန်ဘဲဖြစ်သည်..။...........
"ဟန်ယူဂျင်းလို့ခေါ်ပါတယ်"
ခပ်တိုတို နှုတ်ဆက်စကားအား တစ်ချို့ကအသိအမှတ်ပြုကြသလို တစ်ချို့ကတော့ ဂရုမပြုမိကြ။
ထပ်ပြီး သူ့မှာ ပြောစရာစကား မရှိတော့သလို သူ့အတွက် ထားရှိသည့် အလုပ်စားပွဲသို့ သွားလိုက်တော့သည်။ဒီနေ့က ယူဂျင်းရဲ့ ပထမဆုံး အလုပ်စဝင်သည့်နေ့ပင်။
စကားနည်းသည့် သူက အပေါင်းအသင်းရှား၏။
အလုပ်စဝင်တော့လဲ ထိုသည်ကဘဲ ပြဿနာဖြစ်နေသလိုပင်။"ဟန် ယူ ဂျင်း ဟုတ်တယ်မလား?"
အလုပ်မှ မန်နေဂျာဖြစ်ဟန်တူသည့် လူတစ်ယောက်မှ သူ့နာမည်အား ပထမဆုံးအကြိမ်ခေါ်လာခြင်းဖြစ်သည်။
ယူဂျင်းက ရိုရိုသေသေဖြင့် မျက်မှန်လေးတစ်ချက်ပင့်၍"ဟုတ်ပါတယ်ဗျ"
"ဟုတ်ပြီ ယူဂျင်းနီး ကိုယ့်နာမည်က ဂန်မင်ယောင်းလို့ခေါ်တယ် အလုပ်မှာတော့ မင်းကအငယ်ဆုံးဘဲကွ!"
"ဟုတ်ကဲ့"
ပြောင်းလဲခြင်း မရှိတဲ့ မျက်နှာအမူအယာဖြငိ့ ယူဂျင်းက စကားထောက်ပေးလိုက်သည်။
"အဟမ်း အဲတော့ ဒီက မင်းရဲ့စီနီယာတွေက တခြားကိစ္စတွေနဲ့အလုပ်ရှုပ်နေတာကြောင့် ဟျောင်းက မင်းကို တာဝန်တစ်ခုပေးရင်အဆင်ပြေမလား?"
ပထမဆုံး အလုပ်စဝင်သည့်နေ့တွင် တာဝန်ပေးခြင်းခံရသည်ဆိုတာက ကောင်းသည့်အချက် ဖြစ်မည်ထင်သည်။
ဒါက ယူဂျင်းအတွေးသက်သက်ပါဘဲ..