5

371 71 4
                                    

ဒါ ကစားရာကိစ္စ ဟုတ်ဘူး..
လူတစ်ယောက်ရဲ့ ဘဝနှင့်ပတ်သက်တဲ့ကိစ္စ
ပေါ့ပျက်ပျက်တွေးနေလို့မရဘူးဆိုတာ ကိုယ့်ဘဝကို ရင်းနှီးထားရတဲ့ခင်ဗျားက ပိုသိင်သည်
ခြေတစ်လှမ်းမှားတာနဲ့ ခင်ဗျားကို ထိုးနှက်ကြယ်သူတွေဟာ အများသား...
အဲဒီလူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လဲ ပါဝင်နေဘူးလို့ အာမခံနိုင်ဘူး
အဲဒါကြောင့် ကျေးဇူးပြုပြီး ခင်ဗျား...အရာရာတိုင်းကို လက်လွတ်စပယ်လုပ်ပါနဲ့လား...။

~~~~~~~

*21/7/2023 ရက်နေ့ နေ့လည်ခင်းတွင်ဖြစ်သည်။
ယခု လတ်တလော မိန်းကလေးငယ်လေးတွေသာမက အသက်အရွယ်မရွေး လူကြိုက်များနေပါသော Kpop Solo Dancer တစ်ဦးဖြစ်သူ Kim Gyu Vinမှာ ၎င်း၏ ROYAL Entမှ သင်တန်းသားတစ်ဦးအား ကြမ်းတမ်းသောအပြုအမူတို့ဖြင့်အာဏောသုံး အနိုင်ကျင့်ဆက်ဆံခဲ့သည်ဟု သိရ....*

လက်တော့ပ် ဖန်သားပြင်မှ စာအရှည်ကြီးအား ဆုံးအောင် ဖတ်လိုက်ရပြီးနောက် ယူဂျင်း ထိုင်ခုံမှ "ဝုန်း"ခနဲ ထရပ်လိုက်မိသည်။

ဒီနေ့ ဘာ schedule မှ မရရှိသည်မို့ ရုံးမှာဘဲ ရောက်နေခြင်း ဖြစ်ကာ ယခုတော့ သတင်းတစ်ခု လွတ်သွားရသည်။

"ယူဂျင်းနီး! ဒါက.."

ဖုန်းအား ကြည့်ရင်း မန်နေဂျာ ဟျောင်းက  သူ့အနားသို့ အလောတကြီး ပြေးလာနေသည်။

ROYAL STARWhere stories live. Discover now