2

383 78 8
                                    

ဘဝ၏ မည်သည့်အသက်အရွယ်အပိုင်းအခြားတွင် အလိမ်အညာတတ်ဆုံးဖြစ်ပြီး ဘယ်အသက်အရွယ်မှာတော့ အမှန်တရားတွေကိုသာ ပြောတတ်ကြပါသလဲ။
သူ မေးချင်ပေမယ့် အမှန်တကယ် အဖြေပေးနိုင့်သည့်လူမရှိ။
အကယ်၍ သိသူများ ရှိလာခဲ့လျှင် သူ့ဘက်ကထပ်ပြီး မေးခွန်း ထုတ်မိပါလိမ့်မည်။

အသက်20အရွယ် ကောင်လေးတစ်ယောက်က သူ့အား ပြောခဲ့ဖူးသည်။

"ကိုယ် ကြယ်တစ်စင်းဖြစ်ချင်မိတယ် မင်းတစ်ယောက်တည်းကိုဘဲ အလင်းရောင်ပေးနိုင်တဲ့ ကြယ်လေးပေါ့..."တဲ့

ထိုစကားဟာ ဘယ် %ထိ မှန်နိုင်ပါသလဲလို့ သူ သိချင်ပါရဲ့။

............

Idol တစ်ဖြစ်လဲ အရည်အချင်းရှိသည့် Dancer များအား မွေးထုတ်ပေးသည့် "ROYAL"အမည်ရှိ ကိုယ်ပိုင်Entတစ်ခုကို ပါ ပိုင်ဆိုင်ထားသည့် ကင်ခ်ဂယူဘင်း။

အမြဲလိုလို ရှည်လျားသည့်အရပ်နှင့်လိုက်ဖက်စွာ ကုတ်အရှည်တို့ကိုသာ မကြာခဏ ဝတ်ဆင်ထားတတ်သည်။

"ဒီနေ့ ဘာ ထူးခြားတာရှိလဲ?

စတိုင်ပန့်အနက်၏ အိတ်ကပ်ထဲ လက်တစ်ဖက်စီထည့်၍သူ၏ ရုံးခန်းရှိရာ ခြေတန်ရှည်တို့ဖြင့် လှမ်းနေရင်း ဘေးတွင်လိုက်ပါလာသည့် အတွင်းရေးမူးဖြစ်သူအား မေးလိုက်သည်။

"ဒီနေ့ Pink Lady Roomက ကောင်မလေးတစ်ယောက် မူးလဲတယ်လို့ သိရပါတယ် Boss!"

Pink Lady ဆိုတာ Dancer မိန်းကလေး5 ဦး ဖြင့်ဖွဲ့စည်းထားသည့် Dancer Group ဖြစ်သည်။
လေ့ကျင့်ပေးနေဆဲပင်ဖြစ်လို့ အရည်အချင်းဟာ မလုံလောက်သေးသည်ကို ကင်ခ်ဂယူသိထားသည်။

"အရင်ဆုံး အဲဒီကို သွားတာပေါ့"

"ဟုတ်ကဲ့!"

'Pink Lady' ဟူသော စာတန်းချိတ် ဆွဲထားသော Dancing Roomအား အတွင်းရေးမူးဖြစ်သူမှ အခန်းတံခါး နှစ်ချက်ခေါက်၍ ဆွဲဖွင့်လိုက်သည်။

တံခါး ပွင့်ပွင့်ခြင်း မြင်လိုက်ရသည်က ကင်ခ်ဂယူ၏ ဒေါသကို အဆုံးထိ မြင့်တက်စေတောသည်။

"ရားး!!!!!"

လူစုထိုင်၍ မုန့်စားနေကြဆဲ မိန်းကလေး ၅ဦးသာမက ဘေးမှ အတွင်းရေးမူးဖြစ်သူပါ နှလုံးတို့ပင်တုန်သွားရသည်အထိ ထိပ်လန့်ရသည်။

ROYAL STARWhere stories live. Discover now