အပိုင်း (2)

4.6K 254 4
                                    

ပန်ပန် ရွာစွန်ထွက်နေတာတောင်တပတ်ပြည့်တော့မည် ပန်းနုကအမြဲလာနေပေးသလို ကြီးတော်နုကလဲ ဟင်းပို့ပေးမြဲ ပင် နောက်ဖေးက အခင်းလေးတွေကလဲ စားဖို့လောက်တော့ အသီးလေးတွေရနေပြီ။ အခုလဲ လယ်ထဲသွားဖို့ နောက်ဖေးက ကန်စွန်းခင်းက ကန်စွန်းရွက်လေး နည်းနည်းနဲ့ကာလီသီးလေးနည်းနည်း ကူးခဲ့လိုက်တယ် အရင်ဦးဆုံး ကန်စွန်းရွက်တွေကိုသေချာထွင်ပြီး ရေဆေး ကြက်သွန်ဖြူ လေး နွှာ ပြီးအဆင်သင့်လုပ်ထားလိုက်တယ် ထမင်းအိူးက အစောကြီးထဲက ကျက်ပြီးသားဆိုတော့ ဟင်းအတွက်ပဲချက်ရတော့မည်ဖြစ်သည် ။ အရင်ဆုံး ကန်စွန်းရွက်ကြော်ဖိူ့ ဆီအိူးအရင်တင်ဆနွင်းမှုန့်လေးနည်းနည်းထည့် ဆီဆူမှ ခွာထားတဲ့ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီးထည့်ကြော် ကျက်ရင် ရေဆေးထားတဲ့ကန်စွန်းရွက်ထည့်အရသာအတွက်ဆားနဲနဲအချိုမှုန့်နဲနဲ ထည့်ပြီး ကန်စွန်းရွက်လဲ နွမ်းရောအရသာမြည်းပြီးချရုံပင်.ပြီးတော့ ကြက်ဥလေး ကို ကြက်သွန်နီနဲ့ကာလီသီးလေးညှပ်ထည့်ပြီး  ခေါက်ကြော်လိုက်သည်။ တောမှာက အသီးအရွက်လောက်ပဲစားတာများသည်အသားငါးကျ မြို့စျေးက ​​ဝယ်စားရတာဆိူတော့ အသီးအရွက်ပဲချက်စားဖြစ်တာများသည်။ ချက်လိူ့ပြုတ်လို့လဲပြီးရော လယ်ထဲသွားဖို့ထမင်းချိုင့်လေးထုပ်လ်ိုက်သည် ။ ဒီနေ့တော့တစ်ယောက်ထဲသွားရမည်ဖြစ်သည် ပန်းနုက သူ့အကိုမြို့ကပြန်လာမည်ဖြစ်၍ ကြီးတော်နဲ့ ကူပြီး ချက်ပြုတ်ဖို့အတွက်လယ်ထဲကို လိုက်မည်မဟု ။ ပန်းနု အကိုက မြိူ့မှာအလုပ်သွားလုပ်တာပန်ပန်တို့ ၁၃နှစ်လောက်ထဲကဖြစ်မည် အခုဆို ၅နှစ်တောင်ကြာပြီ တခါတလေပြန်လာတတ်ပေမဲ့ခုကအပြီးပြန်လာတာလို့ တော့ပန်းနုကပြောတာပဲ အကိုသန့်ဇင်က ပန်ပန်တို့ထက်  ၈နှစ်လောက်ကြီးမည်။ သူများအကြောင်းတွေးရင်းနဲ့အလုပ်သွားဖိူ့မေ့နေတာမြန်မြန်သွားမှ မဟုရင် အဆူခံထိနေဦးမယ်။
ရွာလမ်းတစ်လျှောက်ထန်းပင်တွေနဲ့ အုပ်မှိုင်းစိမ်းစိုနေသည့်အပြင် ကျေးငှက်များ၏ တကျီကျီ အော်မြည်သံကသာယာလွန်းလှသည်။လေလေး တဖြူးဖြူးနဲ့လက်ဆတ်တဲ့လေကိုရှုရှိုက်ရတဲ့အတွက်စိတ်ကိုကြည်လင် စေသည်မှာမြို့ကြီးနဲ့တော့တခြားစီပင် ခန့် က မိဘတေမရှိတဲ့တစ်ကောင်ကြွက်ဖြစ်သည်။ မြို့မှာ အဆောင်တူတူငှားနေသည့်သူငယ်ချင်းရွာကို လိုက်ခဲ့ ခြင်းဖြစ်သည်။ မြို့မှာ နေရင် အမေ့ကိုပိုလွမ်းမိမည်မှာစိုးသည်လဲပါသည်။ ခန့်တို့က သားအမိနှစ်ယောက်ပဲရှိတော့တာဖြစ်သည် ။အဖေ ဆုံးသွားထဲက အမေတစ်ယောက်ထဲ ပြုစုစောင့်ရှောက်ခဲ့တာဖြစ်သည် ။ အမေ့ဖြစ်စေချင်လွန်းတဲ့ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး အလုပ်ရတဲ့အချိန်အမေ့ကိုတဖန်လုပ်ကျွေးရမည့်အချိန်ကျမှအမေ့နှလုံးရောဂါက ကျွမ်းနေပြီတဲ့လေ သားတစ်ယောက်ဖြစ်ပြီ ကို့အမေဘာဖြစ်နေလဲတောင်မသိ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကို့အမေကို မကယ်နိုင်ခဲ့တဲ့အတွက်နောင်တရလို့လဲ မဆုံးဘူး ။ အာ့တာကြောင့်မြို့မှာဆက်မနေပဲ သန့်စင်နောက်ကိုလိုက်လာခဲ့တာဖြစ်သည်။ အခုတော့လိုက်လာရကျိုးနပ်ပေသည် တိတ်ဆိတ်တဲ့အပြင် သန့်ရှင်းလက်ဆက်မှုက ဘာနဲ့မှနှိုင်းမရ ခန့်လို တိတ်ဆိတ်တာကိူကြိုက်တဲ့သူအတွက်တော့အဆင်ပြေတာထပ်ကိုပိုသေးသည်။ ရွာထဲမှာဆေးခန်းလေးဖွင့်ပြီး အေးအေးဆေးဆေးသာအခြေချတော့မည်လို့စဥ်းစားထားသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now