အပိုင်း(22)

2.9K 125 6
                                    

ရက်ကိုလစား လကိုနှစ်စားဆိုသလို အချိန်တွေကုန်တာ.သိပ်မြန်သည်။ အခုဆို ဖိုးကံကောင်းလေးက ၃နှစ်တောင် ပြည့်ခဲ့ပြီ။ ၃နှစ်အတွင်းမှာ မောင် နဲ့ပန်ကတော့အရင်တိုင်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ လျှောက်လမ်းခဲ့တော့ ဘာပြသနာမှမရှိ။ ​ဘာမှမပြောင်းလဲ အရင်တိုင်းသာရှိသည်။.ပြောင်း လဲတာကတော့ ပန်းနုနဲ့ကိုသန့်စင်ပင် သားသားတနှစ်ပြည့်တော​့ မောင်ကရွာနောက်ဖက်က ခြံလွတ်ကြီးကိုဝယ်ခဲ့သည်။.ပထမတော့သားအတွက်ဝယ်ပေးခဲ့တာဖြစ်ပြီး သားအသက်ပြည့်မှ သူ့စိတ်ကြိုက်လုပ်ခိုင်းမည်ဆိုပြီး ဝယ်ခဲ့တာဖြစ်သည်။.နောက်ပိုင်းကျ မောင် က အာ့ခြံတွင် မွေးမြူရေးလုပ်ငန်းလုပ်သည်။ ကြက်နဲ့ဘဲကို အဓိက ထားမွေးသည်။.ကြက်ဥနဲ့ဘဲဥကိုမြို့ကိုတင်သည်။နို့စားနွားလဲမွေးပြီးနွားနို့လဲ ဖြန့်သည်။ကိုသန့်စင်နဲ့စပ်တူ.လုပ်ထားတာဖြစ်သည်။.လူပျိုကြီး ကမိန်းမယူရင် တင့်တောင်းတင့်တယ်ထားနိုင်ဖို့ဆိုပြီး ပန်တို့ပွဲရုံတွင်လဲ ပိုက်ဆံထည့်သေးသည်။ ပန်းနုကတော့ သူ့ဦးလေးရွာသွားရင်းနဲ့ ဖူးစာဆုံလာပါသည်။.အာ့ရွာကဆန်စက် သူဋ္ဌေးသားကိုသူရိန်နဲ့ပင်ဖြစ်သည်။.ကိုသူရိန်က ပန်းနုကိုသိပ်ချစ်သလို သိပ်အလိုလိုက်သည်။

သားသား၂နှစ်ပြည့်တော့ လူကြီးစုံရာနဲ့လာတောင်းရမ်းစေ့စပ်ထားတာဖြစ်သည်။ ဒီနေ့က ပန်းနုတိူ့မဂ်လာပွဲပင်။.မဂ်လာဆောင်ပြီးရင်ထုံးစံအတိုင်း ပန်းနုက သူတို့သားနောက်ကိုလိုက်ရမှာဖြစ်သည်။.သူ့တူလေးနဲ့မခွဲနိုင်လို့မလိုက်ပါဘူး ဆိုပြီးဂျီကျနေလို့ ပန့်မှာ ဆူရသေးသည်။ ရွာက နီးနီးလေး နေ့ချင်းပြန်ရင်တောင် ရနေတာကိူ တမင်ဂျီကျနေတာဖြစ်သည်။ ကိုသူရိန်ကလဲ ပန်းနုကအာ့လိုဂျီကျတော့ပြိုတော့မဲ့မိုးလိုပင် ကြားထဲ က ပန်ကပဲ လူဆိူးကြီး လုပ်ပြီး မာန်လိုက်မှ ရသည်။အခုလဲ မဂ်လာဆောင်သွားဖိူ့ ဟိုသားအဖကိုရေချိုးခိုင်းထားတာ ခုထိကိုထွက်မလာသေး။

"မောင် ရေ ရေချိူး တာကြာနေပြီနော် မပြီးသေးဘူးလား''

သားက ရေတအားကြိုက်သည်။.ကျန်တဲ့နေရာမှာသာ ပန့်စကားကိုနားထောင်ပေမဲ့ရေနဲ့ပက်သက်ရင်လုံးဝမရပါ။.တခါလဲ ပန်မသိခင် သားအဖတွေ မိူးရေဆင်းချိူးတာ ညကျသားသားကဖျားပါလေရော။ မာန်ပြန်တော့လဲ မျက်နှာငယ်လေးလုပ်ပြီး လာချွဲတော့ ပန့်မှာ မဆူရက်။ခုလဲ နာရီဝက်လောက်ရှိတော့မယ်ခုထိ ထွက်မလားသေး။

🌹🌹ပန်တော်မူ🌹🌹(Completed)Wo Geschichten leben. Entdecke jetzt