အပိုင်း(5)

3.9K 183 1
                                    

ဟောပြောပွဲ မှာတွေ့ပြီးထဲက သက်ထား ဆိုတဲ့ကောင်မလေးကအိမ်ကိုခနခနရောက်ချလာတတ်တယ်။ဟင်းပို့တယ်ဆိုတဲ့အကြောင်းပြချက်နဲပေါ့ တခါတလေ ဆေးခန်းအထိရောက်လာတတ်တော့ ခန့် စိတ်ထဲသိပ်မကြိုက်ချင်တော့ဘူး သူကသိပ် ရဲတင်းတာပဲ စကားပြောတာတွေကအစ မြို့မှ အနေများလို့ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ခန့်ကတော့ လုံးဝ ကြည့်လို့မရပါဘူး ရုပ်ကလေးကတော့ချောပေမဲ့သူ့မျက်လုံးတွေက မရိုးသားဘူး။အခုလဲ အိမ်ကိုရောက်လာပြန်ပြီ အရီးလေးနုကလဲ တရွာထဲသားဖြစ်တဲ့အပြင်သူ့အမေကိုအားနာနေလို့သာဘာမပြောပေမဲ့ မကြိုက်ဘူးဆိူတာသိသာတယ် လူကြီး ဆိုတော့ပြောရမှာအားနာတာလဲပါမယ်ထင်တယ်။ သန့်စင် ကတော့ဘာမှဝင်မပြောပေမဲ့ ပန်းနုကတော့ အရီးလေး ထိန်းထားလို့သာ ပဲမဟုရင် ရန်ပွဲ တွေ ဖြစ်တော့မယ်။

" ကိုမောင် သက်ထား က ကိုမောင့်အတွက်ဟင်းလာပို့ပေးတာ သက်ထားကိုယ်တိုင်ချက်ထားတာနော်''  သက်ထားက အိမ်ထဲရောက်တာနဲ့ ကျွန်တော်နား ကိုသာတန်းပြီးကပ်တော့တာပဲ ကျွန်တော် ကလဲအာ့လိုမျိုးတွေကိုမကြိုက်တာ။

" ရပါတယ်  ညီမလေး သက်ထား နောက်တခါအာ့လိုတွေမပို့ပါနဲ့ အကိုက အဆင်ပြေပါတယ်''

" အို  ကိုမောင် ကလဲအားနာရမဲ့သူတွေလဲမဟုဘူး ပြီးတော့ သက်ထားက အစောကြီး ထချက်ထားရတာ သက်ထားစေတနာကိုတော့အသိအမှတ်ပြုပါအာ့လိုတွေမပြောပါနဲ့ ''
သက်ထား မျက်နှာကပြိုတော့မဲ့မိုးလိုဖြစ်နေတော့ရှေ့ဆက်ပြောရခက်သား

" ဒီတခါတော့လက်ခံလိုက်ပါ့မယ် နောက်ထပ်တော့လာမပို့ပါနဲ့ သက်ထားက မိန်းကလေးလေ ခနခနလာနေတော့ သူများပြောစရာဖြစ်မယ်''

" သက်ထားက စားစေချင်တဲ့စိတ်တခုထဲပါ ပြီးတော့ ရွာကလူတွေကရောဘာပြောမှာမို့လို့လဲ သက်ထားတို့ကရိုးရိုးသားသားပဲကို''
ခန့်လဲ ဘာဆက်​ပြောရမှန်းကိုမသိတော့တာ မိန်းကလေးဆိူတော့အရမ်းကြီးမပြောချင်ပေမဲ့သူကျွန်တော့်အပေါ် ဘယ်လိုစိတ်ထားနေလဲဆိုတာကြီးပြင်းလာတဲ့သက်တမ်းအရသိနေတယ်လေ။

" အော် ဘယ်သူများလဲလို့ မိသက်ထားပါလား နေပါဦး ညည်းက ငါတိူ့အိမ်ကိုခနခနဘာလာ..လာလုပ်နေတာလဲ ''   ပန်းနုနဲ့တွေ့မှာဆိုးလို့ ပြန်လွှတ်နေပေမဲ့သူကိုက မပြန်ပဲအတင်းကပ်နေတော့ အခု တွေ့ပြီ ဘာတွေဆက်ဖြစ်မလဲမသိပူး ဘုရားသာတ တော့ ခန့်တည်ကြည်မောင် ရေ ဟူးးးးး

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now