အပိုင်း(26) final

4.5K 146 12
                                    

" အင်းးး .ကျွတ်..ကျွတ်''

"ဟင် ပန်   ပန်သတိရလာပြီလား နေဦး မောင်ထူပေးမယ်ခန''

ပန်သတိလစ်သွားတော့အကုန်လုံးပြာယာခတ်သွားသည်။.ကျွန်တော် ကတော့အဆိုးဆုံးပေါ့ ဘာလုပ်လို့လုပ်ရမှန်းမသိ ခြေမကိုသ်မိလက်မကိုင်မိဖြစ်နေမိတာ တော်သေးတာ က စကားဝါက ချစ်လွန်းလေးကို သူ့အကို့ဆီလိူက်ပို့​ပေးတာနဲ့ တိုးပြီး ကျွန်တော် အစားသူက ပန့်ကို.စစ်ဆေးပေးသည်။

ပြီးတော့ သူ့ပြောတဲ့စကားကိုကြားပြီးကျွန်တော်အပါအဝင် အကုန်လုံး အံ့အားသင့်ကုန်သည်။.သူပြောတာ 'ပန့်မှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီတဲ့လေ' ကျွန်တော် နဲ့ပန်နဲ့နောက်ထပ်တစ်ယောက်ယူဖို့တိုင်ပင်ထားပေမဲ့အခုလောက်မြန်မြန်ရောက်လာမယ်မထင်ပေ။.ပန်က ဆေးဖြတ်ထားတာ ၂လလောက်ရှိပြီလို့ ပြောပေမဲ့ အာ့လောက် မြန်မယ်မထင် အခုက ၃လ တောင်မပြည့်သေးဘူးလေ ။ ကျွန်တော် က ကလေးယူမှာကိုကြိုသိနေလို့သိပ်မအံ့သြပေမဲ့ ပန်းနုတို့ကတော့ လူံးဝကို အံသြ နေတာဖြစ်သည်။.

အာ့ကျမှ ကျွန်တော် လဲ က လေးနောက်တစ်ယောက်ထပ်ယူဖိူ့ နှစ်ယောက်တိူင်ပင်ထားကြောင်း ၊ ဆေးဖြတ်ထားတာကြာပြီဖြစ်ကြောင်းရှင်းပြရသည်။.ပန့်ကိုယ်တိုင်လဲ ဒီလောက်အစောကြီး ကလေးရမယ်မှန်း ထင်မည်မဟုပေ။.သားသားတုန်းကတောင် တစ်နှစ်ကျော်ကြာမှရတာဆိုတော့ ခုကလေးကိုလဲ အာ့လောက်မကြာရင်တောင် ဒီလောက်မြန်မယ်မထင်ပေ။ပန်းနုတို့ကလဲ ဝမ်းသာကြောင်းပြောသလို သန့်စင်ကလဲ ကလေးနှစ်ယောက်အဖေဖြစ်သွားတဲ့ကျွန်တော့ကို.သူ့ထပ် ဝါ ကြီး သွားပြီ ဆိုပြီးစနေသေးသည်။.သားသားကတော့ သူလိုချင်တဲ့ညီမလေးရတော့မှာဆိုပြီး ပျော်ရွှင်နေသည်။သန့်စင်က ဆိုင်ထဲ ပြန်သွားရမှာမလို့ အခန်းထဲက ထွက်သွားသည်။ ကိုသူရိန်ကလဲလိုက်သွားသည်။.သားသားနဲ့ ချစ်လွန်းလေးရယ် ဘုန်းလေးကတော့ ဆော့ဖို့ဆိုပြီးသားသားက ခေါ်သွားတော့ အခန်းထဲမှာစကားဝါရယ်ပန်းနုရယ် ကျွန်တော် ရယ်ပဲကျန်ခဲ့သည်။

"ကိုကြီး တို့ များ ကြိုတောင် ပြောမပြဘူး အခုတောင် ပန်းနု.အလည်လာတာနဲ့တိုးလို့ မဟုရင်သိမှာတောင်မဟုဘူး''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now