အပိုင်း (4)

3.7K 177 1
                                    

ဒီနေ့ ပန်ပန် တို့ရွာဦးကျောင်းမှာအလှူရှိတယ်လေ တစ်ရွာလုံး လဲ တက်ကြွနေကြတာပဲ။အချိန်တွေကုန်တာမြန်လိုက်တာ ကိုခန့်ရွာရောက်နေတာ ၄လ လောက်ရှိပြီဖြစ်သလို ပန်ပန်နဲ့လဲ တော်တော်ရင်းနှီးနေပြီ။ ရွာထဲက လူတွေလဲ ပန်ပန့်အပေါ် အရင်ကလောက် မဆိုးတော့ အခေါ်အပြောရှိလာကြပြီ ဖြစ်သည် ။ ကိုခန့်ရဲ့ကျေးဇူးတွေလို့ပြောရမှာပေါ့လေ။ ကိုခန့်က ရွာမှာတပတ်တခါ ကျန်းမာရေးအသိပညာ ပေးဟော ဲဲပြောပွဲ လုပ်ပေးတယ်။ ရာသီတုတ်ကွေးအကြောင်းတွေ၊ အမျိုးသမီးတွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါအကြောင်းတွေ ၊ သားဆက်ခြားနည်းတွေ စုံလို့နေတာပဲ အာ့လိုအကြောင်းတွေပြောတုန်းကဆိူလေ ပန်ပန်ဖြင့်သိပ်ရှက်တာပဲ နောက်မှ ဒါဟာ.ကျန်းမာရေးဗဟုသုတလို့ တဖြည်းဖြည်း နားလည်လာတာ။ ပန်ပန်တို့ရွာလေးက မြို့နဲ့တော်တော်လေး အလှမ်းဝေးတယ် အာ့တော့ ကျန်းမာရေး အသိကနည်းကြတယ် လေ တချို့ဆို မီးဖွားရင်းဆုံးသွားကြတာတွေရှိသလို ၊ တချို့ကျတော့လဲ စီးပွားရေး အဆင်မပြေရတဲ့အထဲ ကလေးကတပြုံကြီးနဲ့ဆိူတော့ပိုဆိုး ကုန်တာပဲ ခု ကိုခန့်က သေချာရှင်းပြမှ သူတို့ လဲနားလည်လာကြတာအာ့လိုတွေရှင်းပြရင် ဒွိလိင် အကြောင်းကိုပါထည့်ရှင်းပြပေးတယ်လေ ဒွိလိင်ဆိုတာ.ရွံစရာမဟုကြောင်း နိုင်ငံတကာမှာပါရှိကြောင်း ဘာမှ မထူးဆန်းကြောင်း အာ့လိုအမြဲ ပြောပြတယ် အစပိုင်းတော့ ဘယ်သူမှ သိပ်လက်မခံချင်ပူး နောက်ပိုင်း ပြောပြပါများမှ နည်းနည်းလက်ခံလာကြတာ။အခုဆို ပန်ပန်က ရွာစွန်မှာမနေရတော့ပူး အရင်က ဘွားမြ နဲ့တူတူနေတဲ့နေရာလေးမှာပဲပြန်နေတာလေ။ အခုဆို ပန်ပန်က ရွာထဲမှာအသီးအရွက်လေးတွေလဲ ရောင်းနေရပြီ ဘွားမြနဲ့နေတုန်းက ခြံနောက်မှာစိုက်ထားတာလေတွေက အစုံပဲလေ ရွာစွန်ကအိမ်ထက်ပိုများတယ်။အရင်လို ပန်ပန်ဆီက မဝယ်ချင်လို့ ပန်ပန်ထိထားတာရွံလို့ဆိုပြီမပြောကြတော့ဘူး။ ပန်ပန်တို့ရွာလေး က မြို့စျေးကိုတော်ရုံမသွားဖြစ် ကြဘူး လေမသွားဖြစ်တာထက်ရောက်ဖို့က ခက်တာကို ညအိပ်မှ ရတာ အာ့တော့ ရွာထဲမှာပဲ ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင် စိုက်ကြတာများတယ်။ ငါးအတွက်ကျ ရွာမှာချောင်းရှိတော့ မပူရဘူးလေချောင်းက နွေရောက်ရင်တောင် ရေမခမ်းဘူး။ အသားကလဲ ပေါ်တဲ့အိမ်ရှိရင်တော့စားရပါတယ် တခါတလေမှသာပေါ်ကြတော့ အသားစားရတာရှားတယ်။အခုလဲ အလှူအတွက် ကြိုပြီးမြို့သွားဝယ်ရတာ ကိုခန့်နဲ့ကိုသန့်စင်က ကူညီပြီးလိုက်ဝယ်ပေးတယ်လေ။ အခုလဲ ပန်းနုနဲ့ချိန်းထားတာအလှူကို ကူလုပ်ဖို့ အခူထိမလာသေး​ဘူးအာ့ကောင်မလေး အာ့တော့သူ့ကိုပဲထိုင်စောင့်နေလိုက်တယ်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now