အပိုင်း(6)

3.8K 176 0
                                    

ခန့်တစ်ယောက် ဒီနေ့ခါတိုင်းထက်ပိုသားနားပြီးပိုတက်ကြွနေလေတယ်။ ပန်ပန်က ဒီနေ့အဖြေပြန်ပေးမယ်လို့ ပျော်ထားတဲ့အတွက်ပိုပြီးပျော်ရွှင်နေတယ်ဆိုရင်မမှားဘူးလေ။နောက်ဆုံးတော့ချစ်ရသူဆီကအဖြေပြန်ရတော့မယ် ။ သူကတော့ အနာဂတ်အထိပါတွေးနေရင်းပျော်နေမိပြီ။လမ်းတလျှောက်ကို့အတွေးနဲ့ကိုပျော်ရွှင်ပြီးပြုံးနေမိတာလဲ ခနခန လမ်းတဝက်ရောက်တော့ ရွာထဲကို ကလေးတစ်ယောက်  ပြန်ပြေးလာလို့သေချာကြည့်မိမှ ဖိုးလုံးဖြစ်နေတာပဲ

" ဟာ ဖိုးလုံး  ညီလေး ဘယ်ကိုသွားမလို့လဲ ''
ကျွန်တော်လဲမေးလိုက်ရောသူကအမောတကောနဲ့ ပြန်ဖြေတဲ့အဖြေမှာကျွန်တော်ဒေါသတွေထွက်ပြီးရွာစွန်ဖက်ကို ပြေးတော့တာပဲသူပြောတာက '' မမပန်ပန်ကို  ရွာထဲက ကိုသန်းဇော် ကြီးက အတင်းဆွဲခေါ်သွားလို့တဲ့ '' ကြားကြားချင်း မျက်လုံး တွေတောင်ပြာသွားတယ် ပန် ဘာမဖြစ်ပါစေနဲ့ လို့ဆုတောင်းရင်း အပြေးသာသွားမိတယ်။

" သူကြီး ရေ သူကြီး  ဗျို့ သူကြီး ''

"  ဘယ်သူလဲကွ ဝင်ခဲ့ ''

" ကျုပ် ဖိုးလုံးပါဗျာ ''

" အေး ဖိုးလုံး ဘာဖြစ်လို့လဲ မင်းကြည့်ရတာ မောလိုက်တာ ကွာ ရေလေး အရင်သောက်ဦး ''

" နောက်မှ​ သောက်မယ် သူကြီး ရေ ခုက အရေးကြီးတယ်ဗျာ့ ကိုသန်းဇော်ကြီး မူးရူးပြီး အမ ပန်ပန်ကို အတင်းဆွဲခေါ်သွားလို့အာ့တာ သူကြီး ကိုလာပြောတာ လမ်းမှာဆရာလေးနဲ့တွေ့လို့ ဆရာလေးတော့လိုက်သွားပြီ. အမလေး မောလိုက်တာဗျာ... ''
ဖိုးလုံး ကပြောပြီးမှ ရေတွေကြီး ခပ်သောက်တော့တာပဲ

" ဘာကွ အာ့တာဆို လိုက်သွားရမှာပဲ ဟေ့ရောင် မောင်ကျော် မင်းငါနဲ့လိုက်ခဲ့ ဖိုးလုံး က မယ်နုနဲ့ မယ်စိန့်ကိုသွားခေါ်ကြားလား ''
သူကြီး ကမှာပြီး ထွက်သွားတော့တာပဲ ကျွန်တော်လဲ အရီးလေးတို့ကို ခေါ်ဖို့ရွာထဲဆက်ပြေးသွားလိုက်တယ်။

ခန့် ရွာစွန်ကိုရောက်တော့ သန်းဇော်ရဲ့အပေါင်းအပါတွေက အိမ်ရှေ့ကွပ်ပျစ်မှာအိပ်နေတာအတုံးအရုံး ကျွန်တော်လဲ တဲထဲကိုသာဝင်ကြည့်လိုက်တယ် တဲထဲလဲရောက်ရော မြင်လိုက်ရတဲ့မြင်ကွင်းက ကျွန်တော့်ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလိုပဲ ။ ပန် ရဲ့ အပေါ်ပိုင်းအကျီက စုတ်ပြဲနေပြီ ဆံပင်တွေကလဲ ဖရိုဖရဲနဲ့ သန်းဇော်ကို အတင်း ရုန်းကန်နေတာ ကျွန်တော် လဲမျက်စိထဲ ဘာမမြင်တော့ဘူး အာ့အကောင်ကို သတ်ချင်တာပဲသိတော့တယ်အာ့တာကြောင့် ပန်အပေါ်မှာ အုပ်မိုးထားတဲ့သန်းဇော်ကိုဆွဲထိုးပလိုက်တယ်

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now