အပိုင်း(14)

3K 139 5
                                    

အခုဆို ပန့်ကိုယ်ဝန်က ၄လပြည့်ခါနီးပြီဖြစ်သည်။ အပျိုဗိုက်ဆိုတော့သိပ်တော့မထွက်သေး။ အာ့တာကိုပဲ မောင်နဲ့ ပန်းနုက သည်းသည်းလှုပ်နေတာ သူ့တို့ကို ပန်လဲ လက်မြှောက်အရှုံးပေးထားရသည်။ ခုဆို ပန့်ကို ဆိုင်ထဲလုံးဝကိုအဆင်းမခံ ဟိုဖက်ဆိုင်ကိိုလဲ ကိုသန့်စင်တစ်ယောက်ထဲဦးစီးနေရပြီးမောင်ကတော့ ဒီဖက်ဆိုင်ကို ပန့်အစားလာထိုင်ပေးသည်။ ပန်းနုကလဲ ပန် ဆိုင်ထဲ လာတာမြင်တာနဲ့တန်းမာန်သည်။ မောင် ကပိုဆိုးသည် အိမ်ပေါ်ထပ် က အိမ်အောက်ကိုဆင်းတာတောင် သူပါမှဆင်းရသည် ။.သူမပါရင် လုံးဝ အဆင်းမခံ ။.အာ့တော့ပန့်မှာအောက်ဆင်းချင်ရင် သူ့ကို အရင်လှမ်းခေါ်ရသည် မဟုရင် အာ့နေ့တရက်လုံး ပန့်ကိုစိတ်ဆိုးပြီးစကားမပြောတော့ပါ။

အရင်ကအာ့လောက်မဆိုးပါ ။ ကိုယ်ဝန် ၃လ ကျော် တော့ ပန်အပေါ်ကနေ အောက်ကိုအဆင်းလှေကား၃ထစ်လောက်အလိုမှာခြေချော်ကျတာမောင်မြင်ပြီး အဖမ်းမြန်လို့သာမဟုရင် ပန့်ကလေးလေး တခုခု ဖြစ်နေလောက်ပြီ။ မှတ်မိပါသေးတယ်အာ့နေ့တနေ့လုံးပန့်မှာ အဆူခံရတာကို အရီးလေးက လဲ မာန်သည်။.မောင်နဲ့ပန်းနုဆို အခုထိအာ့ကိစ္စနဲ့ပဲ ခြိမ်းခြောက်တုန်း လေ အာ့ထဲကစပြီး အောက်ထပ်ကို တစ်ယောက်ယောက်အဖော်မပါပဲ လုံးဝ မဆင်းရ ဆိုပြီး မောင်က အမိန့်ထုတ်ထားတာဖြစ်သည်။

ထမင်း ဟင်းတောင် မချက်ခိုင်း မောင်ကသူကိုယ်တိုင်ဝင်ချက်သည်။.ပန်က မနည်းတောင်းပန်ပြီးပြောမှ ဂရုစိုက်ပါမယ်လို့ကတိအထပ်ထပ်ပေးမှ ချက်ခိုင်းတာဖြစ်သည်။ ဒါတောင် ဆိုင်က ကောင်မလေးတစ်ယောက်ကို ပန့်အနားမှာ ခေါ်ထားခိုင်းသည်။.ပန်နဲ့အတူတူ ကူလုပ်ဖို့တဲ့လေ။ အဝတ်အစား တွေဆိုလဲ မောင် ကမလျှော်ခိုင်း။ ပန်က ခိုးလျှော်တာသိတော့မြို့ကနေ အဝတ်လျှော်စက် ဆိုလား ဝယ်ချလာသည်။ ရေချိုးလဲ နောက်ကတကောက်ကောက်နဲ့လိုက်သည် ချော်လဲမှာဆိုးလို့တဲ့လေ။ ပန့်မှာ ကိုယ်ဝန်သည်နဲ့မတူပဲ တရားခံနဲတောင်တူနေသည်အမြဲ မျက်စိဒေါက်ထောက်ပြီးကြည့်နေကြလို့ဖြစ်သည်။

ဒီနေ့တော့ ပန်နည်းနည်း လွတ်လပ်နေသည်။.မောင် မြို့ကိုသွားတယ်လေ ။ ကိုယ်ဝန်ရှိတယ်လို့စသိတဲ့နေ့ထဲက မြို့ ကို လုံးဝမလိုက်တာ တလနီးပါးရှိနေပြီ။ ပစ္စည်းသွားဝယ်တာဖြစ်ဖြစ် စပါး တို့ပဲ တို့ မြို့ကပွဲရုံကိုသွားပို့ရင်ပဲ ဖြစ်ဖြစ် ကိုသန့်စင်တစ်ယောက်ထဲသာသွားရသည်။ ဆိုင်က ကောင်လေး ကိုတော့အဖော်ခေါ်သွားတတ်သည်။.ဒီတစ်ခေါက်တော့ ဘာစိတ်ကူးပေါက်လဲ မသိ မောင်ကသူပါလိုက်မည်ဆိုပြီး လိုက်သွားသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now