အပိုင်း(16)

2.9K 130 1
                                    

သကြ်န်တွင်းမှာဆိူင်လဲ ပိတ်သလို ရက်တိုင်းလဲ စတုဒိသာကျွေးတော့ပန်တိုအိမ်မှာလူမပျက်ပေ။ ဆိုင်က ကလေးတွေအတွက်အိမ် ရှေ့ မှာမဏ္ဍပ်ထိုးပေးထားတော့ရွာထဲက ကလေး တွေရော လူငယ်တွေပါရေလာကစားကြသည်။ ဒီနေ့ အတက်နေ့ဖြစ်လို့ ထမင်းကျွေးမည်။အရင်နေ့တွေက မုန့်လုံးရေပေါ်၊ ရွေရင်အေး ၊ ပေါင်မုန့်အူန်းနို့ဆမ်း  အမျိုးမျိူးကျွေးတော့ အိမ်မှာလုပ်တဲ့ကိုင်တဲ့သူနဲ့လူမပျက်။ ပန်းနုကလဲ အိမ်မှာပဲလာနေပေးသည်။ ပန် လဲ အိမ်ထဲက သိပ်မထွက်ဖြစ်ပါ အိမ်ရှေ့မှာရေတွေနဲ့ဆိုတော့ချော်လဲမှာစိုးတာလဲပါသည်။.မောင် ကလဲ ခုထိ ပန့်ကို စကားအကောင်းမပြောသေး။ လုပ်ပေးစရာရှိတာတွေအကုန်လုပ်ပေးပေမဲ့စကားကတော့ လိုအပ်မှသာပြောသည်အရင် လိုမျိူး ပန့်ဘေးနားမှာနေပြီး စကားတွေဘာတွေပြောတာလဲမလုပ်သူ့ဘာသာစာရင်းလူပ်သည် ။ အချိန်တန်လို့ လုပ်ပေးစရာရှိရင် တော့လုပ်ပေးသည်။  ပန်လဲ ဒီနေ့ တော့ရအောင်တောင်းပန်ပြီးစကားပြောမယ်လို့တွေးထားလိုက်သည်။ အခုလဲ ကြည့်လေ အောက်က ထမင်းဟင်း ချက်တဲ့လူတွေနားမှာ သွား ကူလုပ်ရင်းစကားပြောနေတယ်။

"ဟဲ့ ပန်ပန် အောက်ကိုဆင်းမလား ငါတွဲပေးမယ်လေ''

"အမလေး ပန်းနုရယ် မလုပ်ပါနဲ့ တော်ကြာဟိုတနေ့ကထက်ဆိုးနေပါ့မယ်ဟယ် ခုထိတောင် စကားပြောသေးတာမဟုဘူး''

"အမလေး ကိုကြီး ကလဲ တော်တော်အသဲမာတာပဲ ''

"ဘယ်တတ်နိုင်ပါ့မလဲ ပန်းနုရယ်ငါက.သူမကြိုက်တာကိုလုပ်ထားတာကိုဟဲ့''

"အေးပါဟယ် အခုကလဲ နင်တို့ အလှူလေ ဟယ် နင့်မျက်နှာလေးတော့ပြဦးမှပေါ့ဟဲ့အရင်ရက်တွေကလဲ မထွက်ဘူးမလား ''

"ဖြစ်ပါ့မလားဟယ် မောင် ကစိတ်ဆိူးနေကာမှ''

"ရပါတယ်ဟာ  ငါပါတာပဲကို  ငါအကျီရွေးပေးမယ် နင်ရေချိူးတော့''  ပန်းနုကပြောပြီး ရေချိူးခန်းထဲ တွဲပို့ပေးသည်။  ပန် ရေချိူးပြီးထွက်လာတော့ ပန်းနုက မှန်တင်ခုံရှေ့အထိ တွဲခေါ်သွားသည်။ ပန်းနုက ဗိုက်ဖုံးအကျီ မိုးပြာရောင်လေးနဲ့အဖြူပေါ်မှာအပြာပွင့်လေးတွေပါတဲ့ထမိန်လေး ကိူထူတ်ပေးထားသည်။.အကျီဝတ်လဲပြီးရော ပန်းနုက သနပ်ခါးပါ တခါထဲသွေးပေးထားတော့အဆင်သင့်လိမ်းရုံသာ။ ဆံပင်ကိုလဲ သူပဲ တခါဖြီးပေးပြီး ခေါင်းစီးကွင်း အပြာရောင်လေးနဲ့စီးပေးသည်။အကုန်လုံးလဲ ပြီးရော ပန်းနုနဲ့ပန်  လဲ  အိမ်ရှေ့ကိုထွက်လာလိုက်သည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now