အပိုင်း(11)

3.2K 145 2
                                    

မနက်ခင်းရဲ့အစမှာ ပန်တို့ဆိုင်လေးကတော့ စည်ကားစွာ ရောင်းချနေရတာပဲ ဖြစ်သည်။ ဆောင်းပြန်ဝင်လာတဲ့အချိန်ဆိုတော့ အနွေးထည်ဝယ်ယူသူများသည်။ မဂ်လာဆောင်တွေလဲရှိတော့ ရွာထဲ က မိန်းမပျိုများက မဂ်လာဆောင်ဝတ်ဖို့ အကျီအစတွေနဲ့ချိတ်ထမိန်တွေ​လာဝယ်ကြသည်။ တချိူ့မဂ်လာဆောင်တွေကျ ချက်ဖို့ပြုတ်ဖို့ ပစ္စည်းတွေကအစ စာရင်းနဲ့ဝယ်သွားပြီးမဂ်လာဆောင်ပြီးမှ ပိုက်ဆံလာချေကြသည်။ အာ့တော့ ပန်တို့ဆိုင်လေးက လူစီနေသည်။ ကောင်မလေးတွေလဲ မနားရပေ ပစ္စည်းချသူကချ စစ်သူကစစ် ထုပ်ပိုးပေးသူကပေးနှင့်ပန်နဲ့ ပန်းနုကတော့ ဒိုင်ခံစာရင်းရေးရသည်။ မောင်ကတော့ မရှိ မနက်က သူကြီး ခေါ်လို့သွားရသည် ဘာအကြောင်းတော့မသိပေ ။ဝယ်သူနည်းနည်းရှင်းသွားတော့မောင်ပြန်လာတာကိုဆိုင်ထဲက မြင်လိုက်၍ ပန်လဲ ဆိူင်ကိုပန်းနုမဲ့ခနထားပြီး မောင့်နောက်လိုက်သွားလိုက်သည်။  အိမ်ထဲရောက်တော့ မောင်က နောက်ဖေးမှာရေဝင်သောက်နေတာတွေ့၍ပန်လဲ ဧည့်ခန်းကသာထိုင်စောင့်နေလိုက်သည်။ ခနနေတော့မောင်ထွက်လာပြီးပန့်ဘေးနားဝင်ထိုင်ပြီးမှ ပန်က

" မောင် သူကြီး ကဘာတဲ့လဲ ''

" သြော် ရွာကို  သူနာပြု တစ်ယောက်ရောက်မယ်တဲ့ အထက်က ချပေးတယ်ပြောတာပဲ အာ့တာမောင့်ကို အကူအညီတောင်းတာ မောင် ကဆရာဝန်လုပ်ဖူးတော့ လေအာ့သူနာပြုကိုကူညီပေးဖို့ပေါ့ကွာ အာ့အကြောင်းခေါ်ပြောတာ''

"သြော် ကောင်းတာပေါ့ မဟုရင် လူနာ အ ရေးတ ကြီး ဆိုမောင်ပဲ သွားနေရတာ အခုအဆင်ပြေသွားတာပေါ့''

" အင်းလေ အာ့တာကွာ မောင့်ကိုသွားကြိုခိုင်းတာ  ပထမတော့ ရွာကလူတွေကိုသွားကြိုခိုင်းမလို့ဒါပေမဲ့အိမ်မှာကားရှိတော့ပိုအဆင်ပြေတယ်လေ  အာ့တာ ​ ကြောင့်မောင့် ကိုခေါ်ပြီး အကူအညီတောင်းတာ''

"ဘာဖြစ်လဲ မောင်ရဲ့ ကို့ရွာအတွက်ပဲ သွားလိုက်ပါ ''

"အင်း ပါ မောင် လဲ သွားမယ်လို့ပြောခဲ့ပါတယ်''  ပန်တို့အိမ်မှာ ကားဝယ်ထားတာသိပ်မကြာသေးပေ။ အိမ်စီးကားမဟုပေမဲ့ light truck ကားဆိုတော့ ပစ္စည်းရောလူရောတစုတစည်းထဲ တင်လို့ရတယ်လေ အာ့ကြောင့် သူကြီး ကအကူအညီတောင်းတာဖြစ်မည်။ ရွာကလူတွေသွားရင်လှည်းနဲ့ဆိုတော့ သိပ်အဆင်မပြေဘူးလေ ကို့ရွာကို လာပြီး ကျန်းမာရေး စောငိ့ရှောက်ပေးတာပဲ ကျေးဇူး တင်ရမည်။
ဒီနေ့မနက် မောင် ကဆရာမကိုသွားကြိုသည်ကိုသန့်စင်ကလဲ မြို့ကို စပါးသွားချတော့ ပန်းနုနဲ့ ပန်နဲ့နှစ်​ေ ယာက်ဆိုင်မှာပတ်ချာလည်နေသည် ။ ဓာတ်မြေသြဇာ က ပန်ကသိပ်မသိလို ပန်းနုက လဲယောင်လည်လည် တော်သေးတာက ခန့်ထားတဲ့ကောင်လေးတွေကနားလည်လို့ အဆင်ပြေသွားတာဖြစ်သည်။
ခန့် ရွာထိပ်က လမ်းမကြီးကိုရောက်တော့ အစိမ်းရောင် ပါတိတ်ဝမ်းဆက်ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်ဘေးမှာလဲ အထုတ်တွေနဲ့ဆိုတော့ ကျွန်တော်လဲ သွားမေးလိုက်သည်

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now