အပိုင်း(24)

2.6K 109 0
                                    

သီတင်းကျွတ် လပြည့်နေ့ဆိုတော့ မနက်ထဲက အစောကြီး ထ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းကပ် ဆီမီးပူဇော်ပြီး ငါးပါးသီလ ခံယူထားသည်။.ပထမတော့ ပန်တစ်ယောက်ထဲ ပူဇော်ပေမဲ့ မောင်ရောသားသားရောပါနိုးလာတော့သူ့တို့ပါတခါထဲဝင်ပြီး ငါးအားသီလခံယူသည်။.သားသားက ငယ်သေးတော့ ဘုရားရှိခိုးတာလောက်ပဲလုပ်ခိုင်းသည်။.ကလေးဆိုတော့ ငါးပါးသီလယူပြီး မစောင့်ထိန်းနိုင်ရင် ငရဲ ကြီးမှာဆိုးသောကြောင့် ဖြစ်သည်။ လပြည့်နေ့ဆိုတော့ ဆိုင်လဲ ပိတ်ထားသည်။.ကလေးတွေကိုတော့ဘမနေ့ထဲက သိတင်းကျွတ်မုန့်ဖိူးပေးထားတာဖြစ်သည်။.အရင်ကထက်လူက ၁၀ယောက်ပိုတိုးလာတော့ တစ်ယောက်၃သောင်းစီသာပေးဖြစ်သည်။ ၃သောင်းပဲပေးနိုင်တာတောင်သူတိူ့မှာပျော်နေကြတာဖြစ်သည်။ညနေကျရင်အရီးလေးဆီကိုလဲ သွားကန်တော့မည်။အခုတော့ သားသားက ခေါက်ဆွဲကြော်စားချင်တယ်ဆိုလို့ မောင်က သူကြော်ပေးမယ်ပြောပြီး မီးဖိုထဲရောက်နေ၏​။သားသားကပါလိုက်သွားသည်။.သားအဖ နှစ်ယောက်ထဲလွှတ်ထားရင် အဆင်မပြေမှာသိနေတဲ့အတွက်ပန်ပါ လိုက်သွားဖို့ အောက်ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲမရောက်ခင်ထဲကာသားရဲ့ အမေးစကားနဲ့မောင်ရဲ့အဖြေစကားတွေကိုကြားနေရသည်။

"ပေပေ ပေပေ့ ဒီ နီနီလေးက.ဘာရေးယဲဟင်''

"မုန်လာဥနီ လို့ခေါ်တယ်သားရဲ့ တချို့နေရာမှာဆို ခါကြက်ဥ လို့ခေါ်ကြတယ်''

"ဒီ စိမ်းစိမ်းလေးကရော ''

"အာ့တာလေးက ပဲသီးလေ သားလေးရဲ့ဒီဟာလေးက ဂေါ်ဖီထုပ် ဒါလေးက ပန်းဂေါ်ဖီ ခေါက်ဆွဲကြော်ထဲ ထည့်ဖို့ပေါ့''

သားက လက်ညိုးလေးတထိုးထိုးနဲ့မေးသမျှကိုဟင်းသီးဟင်းရွက်လှီးနေရင်းနဲ့မောင်ကာစိတ်ရှည်ရှည်ပြန်ဖြေနေသည်။.ပန်ကြော်မယ်ပြောလဲမရ ။ မြို့ကပုံစံအတိုင်းကြော််ချင်လို့တဲ့လေ။ ဘာထူးမှာလဲ ခေါက်ဆွဲပြုတ် အသီးအရွက်နဲ့ရောကြော် ပြီး တာပဲကို.သူ့ကျမှအဆန်းထွင်နေတာ ပုလင်းသေးသေးလေးတွေကလဲ ၃ဘူး ၄ဘူး ပန်ကတော့ ပဲငံပြာရည်ဘူးပဲသိသည်။.ကျန်တာမသိ။ ဒီကြားထဲ သူ့သားကပုဇွန်ဆိုလို့ ပုဇွန်ရောင်းတဲ့ရွာက ဆိုင်မှာသွားမှာပေးထားရသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now