အပိုင်း(25)

2.5K 108 0
                                    

သားသားက အခုဆို ၅နှစ်ပြည့်ပြီး ဖြစ်လို့ မောင်ကအိမ်မှာ စာရေးစာဖတ်နည်း ကိုသင်ပေးနေတာဖြစ်သည်။.သားသားက ဥာဏ်ကောင်းတော့ မှတ်မိလွယ်သည်။ တခါတလေ ပန့်ကို တောင်သူက ပြန်သင်ပေးလေ့ရှိသည်။.ကိုသန့်စင် သမီးလေးက ၂နှစ်ရှိပြီဆိုတော့ စကားပြောတတ်နေတော့ သားသားက သူ့ညီမလေးကိုပါ သင်ပေးတတ်သည်။.အကိုက ရှေ့ကသင် ညီမက မပီကလာပီကလာနဲ့ နောက်က လိုက်ဆို သူ့ဆရာနဲ့သူ့တပည့်ကဟုတ်နေတာပဲကိုသန့်စင်ကဆိုင်ကိုလာရင်သူ့သမီးလေးကိုပါခေါ်လာတတ်သည်။ တခါတလေဆို အိမ်မှာပဲ ထမင်းခွံပြီး ညနေမှ ပြန်သလိုတခါတလေကျတော့လဲ စကားဝါက လာပြန်ခေါ်တတ်သည်။.အခုလဲ သားက စာအုပ်ချပြီးရှေ့ကဆိူပြနေတာက နောက်ကလိုက်ဆိုနေလေရဲ့

"ညီမလေး ဒီကိူကြည့်  ကကြီး ''

"ကကြီး ''

"ခ ခွေး  ဂ ငယ်''

"ခ ခွေး ဂနယ်''

"ဃကြီး   င''

"ဃရီး  န''

"ဒီ မှာကြည်​့ ABCD ဆိူပြမယ်နော် ကိုကိုက''

"A ''

"A''

"သားသား ရေ ဟိုမှာတီတီစကားဝါက ညီမလေးကို လာခေါ်တာတဲ့ သားရဲ့''

"ဟင် မေမေကလဲ သားက ညီမလေးကို.စာသင်ပေးနေတာကို''

"နောက် နေ့မှဆက်သင်လေ သားရဲ့ညီမလေး​က နေ့ခင်းရေချိုးပြီး ထမင်း စားရဦးမယ်လေ''

" ဒီမှာပဲ ရေချိုး ပြီး ထမင်းကျွေးလိုက်လေ မေမေကလဲ ခါတိုင်း လဲ ကျွေးနေတာကို ''

"သားကလဲ အမြဲတော့ ညီမလေးကိုခေါ်ထားလို့ဘယ်ရမလဲ တီတီတိူ့ကလဲ သူ့သမီးလေးနဲ့နေချင်တာပေါ့''

သားက သူ့ညီမလေးကို အရမ်းခင်တွယ်သည်။ ငယ်ငယ်လေးထဲက နေ့တိုင်းရောက်အောင်သွားသည်။.အခု ကျပြန်တော့လဲ အိမ်ကိုအမြဲခေါ်လာခိုင်းသည်။.ညနေဖက် ပြန်ပို့ရင်တောင်ဂျီကျချင်သည်။ သူ့အဖေ ကမာန်လိုက်မှသာနည်းနည်းငြိမ်သည်။အခုလဲ ပြန်မလွတ်ချင်တဲ့သဘော။စကားဝါတို့ကလဲ သူ့တိူ့မွေးထားတဲ့သမီးနဲ့အချိန်ပြည့်နေရတယ်ဆိုတာမရှိ။.ဒီအိမ်ကိုပဲ အမြဲ ပို့ပေးထားရတာဖြစ်သည်။.ကိုသန့်စင်ရော စကားဝါ ပါက သဘောကောင်းကြလို့သာ  မဟုရင် သားသား ဂျီကျ ပုံက မျက်နှာပျက်စရာပင်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now