အပိုင်း(20)

3.2K 139 0
                                    

တမနက်လုံးတဆစ်ဆစ်ကိုက်တဲ့ခါးက နေ့လည်အထိ ကိုက်တုန်း။ အရီးလေးတို့လဲသူတို့ အိမ်မပြန်ပဲ ပန်တို့အိမ်မှာ ပဲ နေလိုက်တော့သည်။ မောင်က နေ့လည်အိပ်လိုက်ဆိုလို့ခနတဖြုတ်တော့အိပ်လိုက်သေးသည်။ဒါပေမဲ့ တဆစ်ဆစ်ကိုက်ရာကနေ ဗိုက်ကနာလာတော့ဆက်အိပ်မရပဲနိုးလာသည်။အခန်းထဲပတ်ကြည့်တော့လဲ ဘယ်သူမှမရှိ ဗိုက်ကလဲ ခုနကထက်နည်းနည်းပိုနာလာတာမို့မောင့်ကိုအော်ခေါ်မိသည်။

"အာ့ ~~ မောင်...မောင် ရေ''

အော်နေပေမဲ့လဲ အသံကသိပ်မထွက် မနည်းအားယူပြီး ထထိုင်လိုက်ပြီးမှ..

"မောင့်..... ''

အားယူပြီး အော်လိုက်မှ မောင် ကပြာပြာသလဲအခန်းထဲဝင်လာသည်။.နောက်တွင်လဲအရီးလေးနဲ့ပန်းနုပါလိုက်လာသည်။

"ပန် ဘာဖြစ်လို့လဲ ဟင် နာလာပြီလား''

"အင်း နည်းနည်း တော့နာလာတယ်မောင် ဒါပေမဲ့အခုသက်သာသွားပြီ''

မောင် က ပန့်နဖူးကထွက်နေတဲ့ချွေးကို လက်လေးနဲ့တယုတယသုတ်ပေးသည်။

"အာ့တာ ဆို ပန်လေးက ညနေလောက်မွေးမယ်ထင်တယ် နာလိုက်ပျောက်လိုက်ဖြစ်နေတာမလား သမီးလေး ''

အရီးလေးမေးတာကိုခေါင်းပဲငြိမ့်ပြနိုင်သည်။ဗိုက်ထဲက ပြန်နာလာတာမို့လို့ ပါးစပ်က အသံလဲမထွက်နိုင်ပါ။မောင်က ပန့်ကို ပြန်လှဲခိုင်းပြီး ဗိုက်ကိုစမ်းကြည့်လေသည်။

"ပန် တအားနာလာရင်ပြောနော် အခုက နာတယ်ဆိုရုံနာဦးမှာ အဆင်ပြေရင်လမ်းလျှောက်ကြမလားပန် ''

"ဟုတ်တယ် သမီးလေး မွေးရင်အဆင်ပြေတာပေါ့ လမ်းလျှောက်လိုက်လေ အရီးလေးကူတွဲပေးမယ်''

"ရပါတယ် အမေ အမေနဲ့ ပန်းနုလုပ်စရာရှိတာသာလုပ်ထားနော် သားပဲ စောင့်လိုက်မယ်''

မောင် ကအရီးလေးကိုပြောလဲပြောပန့်ကိုလဲဆွဲထူပေးသည်။ ပန်လဲ တအားမနာတော့လမ်းလျှောက်နိုင်ပါသေးသည်။ လမ်းလျှောက်လိုက် ခနထိုင်နားလိုက်နဲ့ ညနေစောင်းလာတော့ပန် မခံနိုင်တော့ပါ ဗိုက်က ထိုးအောင့်ပြီးခါးတွေနဲ့ဆီးစပ်တွေလဲ အရမ်းကိုက်လာသည်။နဖူးမှာလဲ ချွေးစေးတွေပျံလာသည်။.ပထမတော့သည်းခံကြည့်ပေမဲ့ ခြေထောက်တွေပါ မခိုင်ဖြစ်လာရတော့ ပန်မနေနိုင်တော့ပါ။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now