အပိုင်း(9)

3.7K 154 11
                                    

ဒီနေ့လယ်ထဲက စပါးတွေရိတ်တဲ့နေ့ဆိုတော့ မနက်ထဲက မောင်က ဆေးဆိုင်လေးတောင်မဖွင့်နိုင်ပဲ ဝယ်သူတွေနဲ့သွားတွေ့လေသည်။ ပန်ကတော့ အိမ်မှာပဲဟင်းချက်ရင်းစျေးရောင်းရင်းပေါ့ ဒီနေ့တော့ မျှစ်တူးသွားတဲ့လူတွေဆီကမျှစ်ဝယ်ထားတော့ အာ့မျှစ်လေးရယ် အာလူးရယ် ပဲသီးလေးတွေနဲ့ ကာလီသီးနည်းနည်းထည့် ပြီးချည်စပ်လေး ချက်ထားလိုက်တယ် ပြောင်းဖူးဝယ်ထားလေးကို အစေ့ထွတ် ငရုတ်ဆုံနဲ့ထောင်းပြီး ပြောင်းဖူးသနပ်လေး ချက်လိုက်တယ် မျှစ်ချက်စပ်စပ်လေးနဲ့ ပြောင်းဖူး ချိူချို လေးနဲ့ အလိုက်ပဲ ပန်ကတော့ အာ့လို ချက်ရင်သိပ်ကြိုက်တာ။ချက်ပြုတ်ပြီးတော့ စျေးဆိုင်ခန်းထဲပဲသွားပြီး ထိုင်နေလိုက်သည်။ ခနကြာတော့ မောင်ရယ် ကိုသန့်စင် ရယ်ပြန်လာပြီး အိမ်ရှေ့ကထိုင်ခုံလေးတွေမှာဝင်ထိုင်လေသည်။ပန်လဲ  မောင့်ဆီသွားပြီး စပါးစျေးအကြောင်းမေးလိုက်သည်။

" မောင် စပါးအထွက် ကောင်းလားဟင် ဈေးက ရောဘယ်စျေးရလဲ ''

" စပါးက အထွက်ကောင်းတယ်  ဒီနှစ်​စပါးစျေးကလဲတက်နေတော့ မောင်တို့အတွက်အဆင်ပြေတယ် ပန်ရဲ့ '' မောင်ကဝမ်းသာအားရ ရှင်းပြတော့ ပန်လဲ ပျော်သွားတယ် စပါးစျေးကောင်းတယ်လေ လိုချင်တဲ့ခြံလေးလဲ ဝယ်လို့ရပြီဆိုတော့ပိုတောင်ပျော်နေသေးသည်။

" အာ့တာဆိုရင်လေ ဟိုဖက်ခြံလေးဝယ်လို့ရပြီပေါ့နော်''

" ဝယ်လို့ရပြီပေါ့ ပန်ရဲ့ မောင်လဲ ပထမ အကုန်မရောင်းပဲ အိမ်စားဖို့၁၀တင်းလောက်ချန်ထားမလို့ပဲ ဒါပေမဲ့သန့်စင် တို့ အရင်လယ်ငှားတုန်းက အာ့လူတွေက ကောက်ကြီးစိုက်တယ်တဲ့ အာ့တာသန့်စင်တို့ကတစ်ဝက်ရတယ်လေ မောင်လဲ အာ့တာပဲဝယ်လိုက်မလို့အိမ်စားဖို့ကို အာ့ကြောင့်အကုန်ရောင်းလိုက်တယ် ဒီမှာ ပိုက်ဆံ သေချာစစ်ကြည့်ဦး ''    မောင်က ပိုက်ဆံထည့်ထားတဲ့အိတ်အမဲကို ခုံပေါ်တင်ပေးရင်းပြောလေသည်။

" မစစ်တော့ပါဘူးမောင်ရဲ့ ကိုသန့်စင်ကို လဲ နည်းနည်းပေးလိုက်ဦးလေ သူလဲ ကူညီပေးထားတာကို '' ပန်ကပြောတော့  ရေနွေးသောက်နေတဲ့ကိုသန့်စင်က

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now