အပိုင်း(19)

2.9K 125 2
                                    

မိုးတွင်းဆိုတော့မိုးကအမြဲကိုရွာနေတာပဲ ခုမနက်လဲ ရွာနေပြန်ပြီ။ မိုးရွာရင် လယ်အတွက်အဆင်ပြေတယ်ဆိုပေမဲ့ မိုးတအားများသွားရင်လဲစပါးတွေရေလွှမ်းပြီး အထွက်မကောင်းတာတွေဖြစ်တတ်သည်။.အခုမိူးက ရွာလဲ ပျက်လိုက်နဲ့ခုထိတဖွဲဖွဲ။.ဆိုင်မှာလဲ လူနည်းနည်းရှင်းသည်။အရင်ကလောက်မရှုပ်။တချို့ကျ မိုးတွင်းစာဆိုပြီး ဝယ်စုထားတာတွေရှိတယ်လေ။အာ့တော့မိုးတွင်းဆို ဆိုင်က နည်းနည်းပါးသည်။ စပါးတို့ပဲတို့တော့ဝင်ပါတယ်။ဒါပေမဲ့ စပါးရေစိုသွားရင်လဲ မဲပြီးစျေးကောင်းမရတော့ သိပ်လဲမဝယ်ဖြစ်။ မတ်ပဲတွေလဲထိုနည်းလည်းကောင်းပဲရေစိုရင် စျေးမရတော့ မိုးတွင်းဆိုရင်အိမ်မှာပဲ တချို့က သိမ်းထားလှောင်ထား ။မိုးပြီးမှ တချို့က ထုတ်ရောင်းကြတာများသည်။ စီးပွားရေးအဆင်မပြေတဲ့အိမ်တွေကတော့ မိုးလွတ်ရင်ရောင်းကြတာပါပဲ။

မိုးကလဲ တဖွဲဖွဲ ရွာနေတော့ ပန့်အတွက် တော့ဇိမ်ပဲ မိုးအေးအေးလေးနဲ့ ပိုအဆင်ပြေ။.အရင်ကတောင်အပြင်သိပ်မထွက်ခိုင်းတဲ့မောင်က မိုးတွင်း လဲရောက်ရောပိုဆိုးရော။ တဖြည်းဖြည်း နဲ့ပန်လဲ မောင်အကျင့်ဖျက်လို့အပျင်းတစ်လာပြီ ။ ပန်ကိုယ့်ဝန်က အခုဆို ကိုးလပြည့်လို့ နည်းနည်းတောင်ကျော်နေပြီ။ မောင် ကတော့ခုလထဲမွေးမယ်ထင်တယ်တဲ့။ ပန့်ဗိုက် ကိုးလပြည့်ထဲက မောင် က မြို့ကိုအရီးလေးနဲ့အတူ ကလေးအသုံးအဆောင်းတွေသွားဝယ်တယ်လေ။.အနှီးတို့ ၊ကျောကွဲ အကျီလေးတွေ ၊ခေါင်းဦး ၊ဖက်လုံး၊ ကလေးပေါင်ဒါ၊ ခြင်ထောင်၊ကလေးဦးထုပ်လေးတွေရော၊ခြေအိတ်လက်အိတ်လေးတွေ၊ ကလေးပစ္စည်းလေးတွေစုံနေတာပဲ၊ ဖိနပ်သေးသေးလေးတောင်ပါသေး၊ အရီးလေးက ကလေး အနှီးလေးတွေထပ်ဝယ်ပေးထားသေးသည်။.အခုဆိူ အနှီးတင် ၁၀၀လောက်ရှိမည်။မိုးတွင်းမွေးမှာဆိုတော့ ကလေးက သေးခနခနပေါက်မှာဆိူးလို့ ဆိုပြီဝယ်ချလာတာ။

"မောင် ရေ အနှီးတွေ ခြောက်ပြီလား ကြည့်လိုက်ဦးနော်''

မောင် က မီးဖိုချောင်ထဲမှာလေဆိုင်က လူရှင်းတော့ ဆိုင်ကိုသိပ်မသွားပဲ ပန့်နားပဲကပ်နေသည်။မွေးကာနီးမို့လို့ အနားမှာရှိနေတာပိုစိတ်ချရသည်တဲ့လေ။ အရီးလေးရောပန်းနုရောကပါထောက်ခံတော့ မောင် ကဆိုင်ကိုဆင်းမကြည့်တာ တလနီးပါးတောင်ရှိတော့မည်။ ပန်က အခန်းထဲကနေလှမ်းအော်တော့မီးဖိုထဲကနေထွက်လာပြီးအခန်းထဲဝင်လာသည်

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now