Chapter 2- ရွမ်ရွမ်

1.1K 110 2
                                    

[Unicode]

ဆေးရုံကဖုန်းကောလ်ကိုလက်ခံရရှိတဲ့အခါရွမ်ရှောင်းအမှန်တကယ်ထိတ်လန့်သွားမိတယ်။

ဖုန်းဆက်တဲ့ဆေးရုံဝန်ထမ်းကသူ့သူငယ်ချင်းတစ်ယောက်အဝေးပြေးလမ်းမမှာကားအက်စီးဒန့်ဖြစ်ပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြောင်းအကြောင်းကြားခဲ့တယ်။ကားကအခင်းဖြစ်ရာ‌‌နေရာမှာမီးလောင်သွားပေမယ့်ကံကောင်းထောက်မစွာနဲ့ပဲယာဉ်မောင်းကိုကပ်သီလေးကယ်လို့ရလိုက်တယ်။ဒါပေမဲ့ဦးခေါင်းဒဏ်ရာကြောင့်အဲ့လူကယာယီမှတ်ဉာဏ်ပျောက်ဆုံးသွားပြီရွမ်ရှောင်းတစ်ယောက်ကိုပဲမှတ်မိတော့တယ်။

ရွမ်ရှောင်းကသူ့ရဲ့မသန်စွမ်းမှုကြောင့်ဒီမရင်းနှီးတဲ့နေရာကလူတွေဆီကနေသနားကြင်နာမှုတွေရရှိခဲ့တယ်။သူငယ်ချင်းကောင်းတွေအများကြီးလည်းရခဲ့သေးတယ်။ကားမတော်တဆမှုကိုအတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့်ရွမ်ရှောင်းဟာသူ့သူငယ်ချင်းတစ်ယောက်အက်စီးဒန့်ဖြစ်တာကိုကြားတဲ့အခါကိုယ်ချင်းစာမိသွားတယ်။ခဏလေးတောင်နှောင့်နှေးမနေချင်တာကြောင့်ဆေးရုံလိပ်စာရတာနဲ့ချက်ချင်းကမန်းကတန်းထွက်လာခဲ့တယ်။

လမ်းတလျှောက်လုံးစိတ်တွေပူနေခဲ့ပြီးနောက်ဆုံးဆေးရုံကိုရောက်လာခဲ့တယ်။ဒါပေမဲ့အရေးပေါ်ခန်းမှာသူတွေ့လိုက်ရတာကသူ့ဘဝထဲကသုံးနှစ်လောက်ပျောက်ကွယ်သွားတဲ့ဖုန့်ကျန့်ကဆေးရုံကုတင်ပေါ်မိန်းမောတွေဝေပြီးထိုင်နေခဲ့ပါတယ်။

ဖုန့်ကျန့်ရဲ့မျက်နှာကချောမောမှုကြောင့်ထင်ပေါ်နေပေမဲ့ပုံစံကတော့‌ခက်ထန်ပြီးအေးစက်နေတယ်။S အဆင့်ရှိအယ်လ်ဖာဖြစ်တာနဲ့အညီဖျက်ကနဲကြည့်လိုက်ရုံနဲ့တင်အရှိန်အဝါတွေဖြာထွက်နေတယ်။ရွမ်ရှောင်းနဲ့ဖုန့်ကျန့်ကနှစ်ပေါင်းများစွာပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီးမရေမတွက်နိုင်တဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့ကြတယ်။ဒါကြောင့်သုံးနှစ်ကြာပြီးတာတောင်ရွမ်ရှောင်းကသူ့ကိုချက်ချင်းမှတ်မိတယ်။

ဒဏ်ရာရတဲ့လူကဖုန့်ကျန့်မှန်းသိတာနဲ့ရွမ်ရှောင်းရှော့ခ်ရသွားတယ်။သူကဒီလူကိုရန်သူအဖြစ်မသတ်မှတ်ခဲ့ပေမယ့်အဲ့လူကတော့သူ့ကိုသူငယ်ချင်းအဖြစ်သတ်မှတ်ဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ။

Dog Training (mm-translation)Where stories live. Discover now