Chapter 12 - နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံး

492 44 5
                                    

[Unicode]

သူ(ရွမ်ရှောင်း)က ပျော့ညံ့တဲ့သူမဟုတ်ဘူး။ဆန့်ကျင်ဘက်အနေနဲ့ သူ့မှာတိကျပြတ်သားတဲ့ဆုံးဖြတ်မှုတွေကိုလုပ်နိုင်စွမ်းရိှတယ်။ကိစ္စတွေအများကြီးတွေ့ကြုံခဲ့ပြီးနောက် နည်းနည်းလေးကြင်နာပြလိုက်ရုံနဲ့ လှည့်စားလို့ရတဲ့အထဲ သူမပါတာသေချာတယ်။

သူ့သဘောထားကတော့ရှင်းပါတယ်။ဖုန့်ကျန်းက အလုပ်နဲ့နေစရာနေရာလိုအပ်တယ်၊ သူကတော့ဆိုင်မှာကူညီဖို့ ဝန်ထမ်းတစ်ယောက်လိုတယ်။ဒါကြောင့် အနှီလူကို လုပ်အားလစာပေးပြီး နေစရာပေးခဲ့တယ်၊ ဒါကနှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့အစီအစဥ်ပဲလေ။

ဖုန့်ကျန်းရဲ့နွေးထွေးမှုနဲ့ကြင်နာမှုတွေက အတိတ်မေ့ဝေဒနာကြောင့်ဆိုတာတော့ သူသေချာပေါက်မမေ့ဘူးပေါ့။ဖုန့်ကျန်းလို ငွေဇွန်းကိုက်ပြီးမွေးလာတဲ့လူတစ်ယောက်က သူ့ဆီမှာအကြာကြီးအလုပ်လုပ်နိုင်မယ်လို့လည်း မထင်ပါဘူး။သို့သော် ဖုန့်ကျန်း၏အတိတ်မေ့ဝေဒနာက တစ်လကျော်ပြီးတာတောင်ပြန်ကောင်းလာသည့် အရိပ်အ‌ယောင်မပြခြင်းကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။ထို့အပြင် အနှီလူက ရွမ်ရှောင်းကို ဂရုစိုက်ခြင်းနှင့် ဆိုင်ကိုစီမံခန့်ခွဲရာမှာပိုတော်လာသေးသည်။

သူကစတိုးဆိုင်အလုပ်ကို ကောင်းကောင်းလုပ်ကာ ရွမ်ရှောင်းစားချင်သမျှကိုချက်ကျွေးပြီး သွားချင်သမျှကို လိုက်ပို့ပေးသည်။

ရွမ်ရှောင်းရဲ့ခြေထောက်တွေကအခုထိမတ်တပ်မရပ်နိုင်သေးပေ။သို့သော် ဖုန့်ကျန်းသာဘေးနား၌ရှိနေလျှင် သူ့တွင်သန်မာပြီး စွမ်းအားပြည့်ဝသော ခြေထောက်တစ်စုံရလိုက်သလို ခံစားရစေသည်။

ဖုန့်ကျန်းရဲ့သူ့အပေါ် ဂရုစိုက်မှုတွေကို ရွမ်ရှောင်းအမှန်တကယ် အသိအမှတ်ပြုပါတယ်။သူ့ရဲ့ကျဆုံးခန်းတွေဖြစ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ကို သူ့ကိုလိုလိုလားလား ဂရုစိုက်ပေးတာမျိုး မကြုံရတော့တာအချိန်အတော်ကြာပြီ။ဒီလိုရှာပါးတဲ့အခွင့်အရေးမှာ ဘာကိုမှမတွေးတောပဲ ပျင်းရိပြီးအလုံးစုံနစ်မြုစ်လိုက်ချင်မိတယ်။

Dog Training (mm-translation)Where stories live. Discover now